ဆော်ဒီပရိုလိဂ်က စီရော်နယ်ဒို ဦးဆောင်တဲ့ အယ်လ်နာဆာ အသင်းဟာ စနေနေ့ညက ကစားခဲ့တဲ့ အယ်လ်ဖာရက် အသင်းနဲ့ပွဲမှာ ၃ ဂိုး ၁ ဂိုး နဲ့အနိုင်ရရှိခဲ့ပြီး ၃ မှတ် ရယူနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့် ၂ နေရာကို ရောက်ရှိလာပါတယ်။
သွင်းဂိုးတွေကို ဒုတိယပိုင်းမှာ သွင်းယူခဲ့ကြတာဖြစ်ပြီး အယ်နာဆာအတွက် အဖွင့်ဂိုးကို ပွဲချိန် မိနစ် ၅၀ မှာ ခရစ္စတီယာနိုရော်နယ်ဒိုက ဖန်တီးပေးရာကမှာ အန်ဒါဆင် တာလီစကာက သွင်းယူခဲ့တာပါ။
နောက် ၁၁ မိနစ်အကြာမှာပဲ တာလီစကာက ခေါင်းတိုက်သွင်းယူပြီး ဒုတိယဂိုး ရယူခဲ့ပါတယ်။
ဒါပေမဲ့ အယ်လ်ဖာရက်အသင်းဘက်က အလွတ်တည်ကန်ဘောကနေတဆင့် ခေါင်းတိုက်သွင်းယူပြီး ချေပဂိုး ရယူခဲ့ပါတယ်။
ပွဲချိန် ၇၄ မိနစ်မှာတော့ အိုတာဗီယိုက အယ်လ်နာဆာအတွက် အနိုင်သေချာစေမယ့် တတိယမြောက်ဂိုးကို ဂိုးဧရိယာထိပ်ကနေ အပြင်ကန်းသွင်းယူခဲ့တာပါ။
ဒီပွဲအနိုင်ရလာဒ်ကြောင့် အယ်လ်နာဆာအသင်းကဇယား ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီး အယ်လ်ဟီလယ်အသင်းနဲ့ လေးမှတ်အကွာကို ရောက်ရှိလာပါတယ်။
Photo - Reuters