Home
မြန်မာသတင်း
ညီနောင်မဟာမိတ် ၃ ဖွဲ့ကို ထောက်ခံပြီး မန္တလေး PDF က “တောင်သမန်စစ်ဆင်ရေး” ဆင်နွှဲမည်
DVB
·
October 28, 2023

မန္တလေးတိုင်းမှာ အခြေစိုက်လှုပ်ရှားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးက ညီနောင်မဟာမိတ်သုံးဖွဲ့ကို ထောက်ခံပြီး “တောင်သမန်စစ်ဆင်ရေး” ဆင်နွှဲသွားမယ်လို့ Mdy-PDF တာဝန်ရှိသူဆီက သိရပါတယ်။

အောက်တိုဘာလ ၂၇ ရက်မှာ ရည်ရွယ်ချက် ၅ ရပ်နဲ့ ထုတ်ပြန်ကြေညာခဲ့တဲ့ မြန်မာနိုင်ငံ အမှန်တရားနဲ့ တရားမျှတသော အမျိုးသားပါတီ(MNTJP/MNDAA)၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အထူးဒေသ ၁ အုပ်ချုပ်ရေးကော်မတီ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် စစ်ရေးကော်မတီ တို့ရဲ့ နိုင်ငံရေး၊ စစ်ရေးကြေညာချက်တို့ကို Mdy-PDF က ထောက်ခံတယ်လို့ ကြေညာပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်ကြတဲ့ ကိုးကန့်(MNDAA)၊ တအာင်း(TNLA)၊ ရက္ခိုင်တပ်တော်(ULA/AA) တို့ ပူးတွဲထုတ်ပြန်တဲ့ “၁၀၂၇ စစ်ဆင်ရေး” ကြေညာချက်ကို Mdy-PDF က လှိုက်လှိုက်လှဲလှဲ ကြိုဆိုထောက်ခံပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေး အထောက်အပံ့ဖြစ်စေဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ကလည်း “တောင်သမန်” စစ်ဆင်ရေးနဲ့ ပူးပေါင်းဆင်နွှဲသွားမယ်လို့ သိရပါတယ်။

Mdy-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက “ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ကျနော်တို့ Mdy-PDF အနေနဲ့လည်း တောင်သမန်စစ်ဆင်ရေးနဲ့ ပူးပေါင်းပါဝင် ဆင်နွှဲသွားပါမယ်။ အသေးစိတ်တော့ ထုတ်ပြန်ဖို့မရှိသေးပါဘူး” လို့ ပြောပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာလ ၂၇ ရက် မနက် ၄ နာရီအချိန်ကစတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ “၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲနေတဲ့အတွက် မူဆယ်၊ လားရှိုး၊ ချင်းရွှေဟော်၊ နမ့်ခမ်း၊ နန့်ဖတ်ကာ စတဲ့ ဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024