DVB Logo
Home
မြန်မာသတင်း
ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ ၁ လတာ အပစ်ရပ်
DVB
·
April 1, 2025
ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ ၁ လတာ အပစ်ရပ်
Donate to DVB

ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းတွေ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ ထိုးစစ်တွေ မပြုလုပ်ဘဲ တလတာ တဖက်သတ် အပစ်ရပ်လိုက်ကြောင်း မြောက်ပိုင်း ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က ဧပြီ ၁ ရက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မတ် ၂၈ ရက်နေ့က ရစ်ချ်တာစကေး ၇.၇ အဆင့် ရှိတဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲ ငလျင်တွေ ထပ်မံလှုပ်ခတ်နေပြီး စစ်ကိုင်း၊ မန္တလေး၊ ရှမ်းပြည်နယ်၊ ပဲခူးနဲ့ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံအတွင်းက နေရာဒေသ အများအပြားမှာ အသက်အိုးအိမ်တွေ ထိခိုက်ဆုံးရှုံးရပြီး ဘုရားကျောင်းကန်၊ စေတီပုထိုး၊ ဗလီစတဲ့ သာသနိက အဆောက်အအုံတွေ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် များစွာပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ ငလျင်နောက်ဆက်တွဲ အခြေအနေတွေကို အလေးအနက်ထား စောင့်ကြည့်လေ့လာပြီးတဲ့နောက် ငလျင်ဒဏ်သင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို အဆင်ပြေစွာ လုပ်ဆောင်နိုင်ဖို့နဲ့ ငလျင်ဒဏ်သင့်ပြည်သူတွေ အရေးတကြီး လိုအပ်နေတဲ့ လူသားစာနာထောက်ထားမှု အကူအညီတွေ အမြန်ဆုံး ရရှိစေနိုင်ဖို့ လိုလားကြောင်းလည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ထုတ်ပြန်ချက် ကြေညာလိုက်တဲ့ ဧပြီ ၁ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ မိမိကိုယ်ကိုယ် ခုခံကာကွယ်တဲ့ တုံ့ပြန်မှုကလွဲပြီး ထိုးစစ်ဆင် တိုက်ခိုက်တာမျိုး ပြုလုပ်မှာ မဟုတ်ဘဲ ဧပြီလ ၃၀ ထိ ၁ လတာ တစ်ဖက်သတ် အပစ်ခတ်ရပ်စဲတယ်လို့လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013