DVB Logo
Home
နိုင်ငံတကာ
ပါလက်စတိုင်း စစ်ဘေးရှောင်များ  မသန့်ရှင်းမှုကြောင့်ဖြစ်သည့် ရောဂါများ ဖြစ်ပွားနေ
DVB
·
October 28, 2023
ပါလက်စတိုင်း စစ်ဘေးရှောင်များ  မသန့်ရှင်းမှုကြောင့်ဖြစ်သည့် ရောဂါများ ဖြစ်ပွားနေ
Donate to DVB

အစ္စရေးရဲ့ အပြင်းထန်ဆုံးသော ဗုံးကြဲတိုက်ခိုက်မှုအောက်မှာ ပါလက်စတိုင်းပြည်သူ ၁ ဒသမ ၄ သန်းကျော်ဟာ သူတို့ရဲ့နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပြီးနောက် ဆေးရုံတွေဆီ ရောက်ရှိလာကြတဲ့ လူနာတွေဟာလည်း လူတွေပြည့်ကျပ်မှုနဲ့ မသန့်ရှင်းမှုတွေကြောင့် ဖြစ်ပွားတဲ့ ရောဂါလက္ခဏာတွေ ရှိနေကြောင်း ဂါဇာရှိ ဆရာဝန်တွေက ပြောပါတယ်။ 

ဗုံးဒဏ်ကနေ လွတ်ကင်းစေဖို့ မျှော်လင့်ချက်နဲ့ ပါလက်စတိုင်း စစ်ဘေးရှောင် ဒုက္ခသည်တွေ စုဝေးနေထိုင်ကြတဲ့ ယာယီတဲတွေမှာ လူတွေဟာ အစာအိမ်နာတာ၊ အဆုတ်ပိုးဝင်တာနဲ့ အဖုအပိန့်တွေ စတင်ခံစားရတယ်လို့ နက်ဆာ ဆေးရုံက အဘူတာအီမာက ပြောပါတယ်။

လျှပ်စစ်၊ ရေသန့်နဲ့ လောင်စာဆီတွေကို ဖြတ်တောက်ထားပြီး ရိက္ခာနဲ့ ဆေးဝါးတွေ ပါရှိတဲ့ ကုလသမဂ္ဂ ယာဉ်ငယ်တန်းတွေကိုပဲ ခွင့်ပြုထားတဲ့ အစ္စရေးရဲ့ ပိတ်ဆို့တားဆီးမှုအောက်မှာ သေးငယ်ကျဉ်းမြောင်းပြီး လူထူထပ်တဲ့ ပါလက်စတိုင်းနယ်မြေအတွင်း ကျန်းမာရေးအကျပ်အတည်း ဖြစ်တော့မယ်လို့ ကယ်ဆယ်ရေး အေဂျင်စီတွေက အကြိမ်ကြိမ် သတိပေးထားပါတယ်။

အောက်တိုဘာ ၂၆ ရက်က ပါလက်စတိုင်း မီဒီယာအုပ်စုကနေ  ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ဂါဇာကမ်းမြောင်မှာ အနက်ရောင် မီးခိုးလုံးမည်းမည်းတွေ တက်လာတာကို မြင်တွေ့ရပါတယ်။

အစ္စရေးဟာ အောက်တိုဘာ ၇ ရက်က လူပေါင်း ၁၄၀၀ လောက် သေဆုံးပြီး ၂၀၀ ကျော် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ ဟားမတ်စ်အဖွဲ့ရဲ့ နယ်ကျော်တိုက်ခိုက်မှုကို လက်တုံ့ပြန်ပြီး ဂါဇာကမ်းမြောင်ဒေသကို ရက်သတ္တပတ်များစွာ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်နေတာပါ။

ကလေး ၂,၉၁၃ ဦး အပါအဝင် ပါလက်စတိုင်း ၇,၀၂၈ ဦး သေဆုံးခဲ့ရကြောင်း ဟားမတ်စ် ဦးစီးတဲ့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013