DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုမြို့တွင် ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရ
DVB
·
October 27, 2023
ကျိုက်ထိုမြို့တွင် ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရ
Donate to DVB

မွန်ပြည်နယ် ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက် ရာအိမ်မှူး ဦးကျော်မင်းဦးကို အောက်တိုဘာ ၂၆ ရက် ညနေမှာ အမည်မသိသေနတ်သမားတွေက ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဦးကျော်မင်းဦးဟာ ရာအိမ်မှူးအပြင် မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာလည်း ရုံးအကူစာရေး အဖြစ်လုပ်ဆောင်နေပြီး ရုံးကအပြန် မြောက်ပိုင်းရပ်ကွက် သီတာလမ်းမှာ ညနေ ၅ နာရီလောက် အမည်မသိ သေနတ်သမားတွေက သေနတ်နဲ့ ၆ ချက်ပစ်ခတ်ခဲ့တာကြောင့် နေရာမှာပင် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မြောက်ပိုင်းရပ်ကွက်နေထိုင်သူတဦးက "သူက ရုံးကအဆင်း ကွမ်းဝယ်ပြီးအိမ်ပြန်တဲ့အချိန် သေနတ်နဲ့ ၆ ချက် ပစ်သတ်ခံလိုက်ရတာ။ သေနတ်သံက တော်တော်တိုးပေမယ့်  နေရာမှာပဲ ပွဲချင်းပြီးသေတာ။ မြောက်ပိုင်းရုံးမှာက အုပ်ကြီးက မထိုင်ဘဲ အကုန်လွှဲထားတာ။ ရပ်ကွက်ထဲမှာတော့ ဟိုပါ ဒီပါပေါ့၊ အရင်ကတပ်ထောက်ခံပွဲတွေမှာလည်း ပါဖူးတယ်။ ဘာ့ကြောင့် သတ်သွားတာလဲတော့ သေချာမသိပါဘူး" လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့တွေက မြောက်ပိုင်းရပ်ကွက်အတွင်း လမ်းပိတ်ပြီး စစ်ဆေးတဲ့အပြင် အနီးနားမှာရှိတဲ့ နေအိမ်နဲ့ ဈေးဆိုင်တွေက သူတွေကိုလည်း ခေါ်ယူစစ်ဆေး တယ်လို့ မျက်မြင်တွေ့ရှိသူတဦးက ပြောပါတယ်။

"၅ နာရီ မထိုးခင်လောက် အသတ်ခံရတာကို ၆ နာရီ ထိုးတဲ့အထိ အလောင်းမကောက်သေးဘဲ တောက်လျောက် စစ်နေတာ။ သူအသတ်မခံရခင် မနက်ပိုင်းက ရှောင်တိမ်းနေပြီး အိမ်ပြန်လာတဲ့သူ တဦးကို ရဲတွေစစ်သားတွေ လာဖမ်းသေးတယ်၊ မိတော့မမိသွားဘူး။ သူသတင်းပေးတာလို့ ကြားပေမယ့် မသေတော့ မသေချာဘူး။"  

အောက်တိုဘာ ၁၅ ရက်ကလည်း ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာမှာ BGF ဗိုလ်ဟောင်း စောနန်းဦး ပစ်သတ်ခံရခဲ့သလို ဩဂုတ် ၂၄ ရက်ကလည်း BGF မှ ဗိုလ်ဝင်းစိုးနဲ့ ဇနီး ပစ်ခတ်ခံခဲ့ရပါတယ်။

ကျိုက်ထိုမြို့မှာ စစ်ကောင်စီနဲ့တော်လှန်ရေးအဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး မြို့တွင်းမှာ လည်း စစ်ကောင်စီဒေါက်တိုင်များ မကြာခဏအသတ်ခံနေရသလို ဒေသခံတွေလည်း မကြာခဏ ဖမ်းဆီးခံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013