DVB Logo
Home
မြန်မာသတင်း
အိန္ဒိယရောက် ချင်းဒုက္ခသည် ၃၀၀ ကျော် ဩစတြေးလျသို့ ခိုလှုံခွင့်ရ
DVB
·
October 26, 2023
အိန္ဒိယရောက် ချင်းဒုက္ခသည် ၃၀၀ ကျော် ဩစတြေးလျသို့ ခိုလှုံခွင့်ရ
Donate to DVB

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ရောက်ရှိနေတာ ၁၀ စုနှစ်တွေနဲ့ချီရှိနေပြီဖြစ်တဲ့ ချင်းဒုက္ခသည် ၃၀၀ ကျော် ဩစတြေးလျနိုင်ငံမှာ ပြောင်းရွှေ့ခိုလှုံခွင့် ရရှိခဲ့ပြီလို့ ချင်းဒုက္ခသည်အရေး အကူအညီပေးနေသူတွေထံက သိရပါတယ်။

ပြောင်းရွှေ့ခွင့်ရတဲ့ ချင်းဒုက္ခသည်တွေဟာ ၈၈ အရေးအခင်း ကာလကတည်းက အိန္ဒိယဘက် ရောက်ရှိနေကြပြီး ဩစတြေးလျအစိုးရရဲ့ ခိုလှုံခွင့်နဲ့ ဗီဇာပေးပြီးသားသူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဩစတြေးလျနိုင်ငံဘက်က ခိုလှုံခွင့်ပေးခဲ့ပေမဲ့ အိန္ဒိယအစိုးရက ထွက်ခွာခွင့်လက်မှတ် ထုတ်မပေးတဲ့အတွက် နယူးဒေလီမှာ သောင်တင်နေတာ ၁၅ နှစ်လောက်ရှိပြီ ဖြစ်ပါတယ်။

ချင်းဒုက္ခသည်တွေ ပြောင်းရွှေ့ခွင့်ရရှိဖို့အတွက် ဩစတြေးလျ အထက်လွှတ်တော်အမတ် ဒင်စမစ်ထံ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)နဲ့ ချင်းဒုက္ခသည်ကော်မတတီ(CRC) အဖွဲ့တို့က သွားရောက် အကူအညီတောင်းခံခဲ့တာလို့ သိရပါတယ်။

CHRO တာဝန်ခံက “ဟိုဘက်နိုင်ငံကူးဖို့က အိန္ဒိယနိုင်ငံက ထွက်ခွာခွင့်လက်မှတ်လိုတယ်။ အဲ့ဒါကို အိန္ဒိယအစိုးရက မပေးတာ၊ အခု ဆွေးနွေးပြီးတော့ အိန္ဒိယအစိုးရက စိစစ်ပြီးတော့ ထွက်ခွာခွင့်ရရှိခဲ့ပါပြီ” လို့ ပြောပါတယ်။

ချင်းဒုက္ခသည်တွေ ထွက်ခွါခွင့်ရဖို့ ဩစတြေးလျအထက်လွှတ်တော်အမတ် ဒင်စမစ်၊  လွှတ်တော်အမတ် မိုက်ကယ်ဆတ်ကာ၊  ချင်းခရစ်ယာန်ကောင်စီ -ဩစတြေးလျ (CCCA)၊  ဩစတြေးလျချင်းလန်းကလပ်(ACC)၊  ဩစတြေးလျချင်းဖယ်ဒရေးရှင်း(ACF) နဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တို့က ၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယအစိုးရထံ ၃ ကြိမ်သွားရောက် ဆွေးနွေးခဲ့ကြတာကြောင့် နိုင်ငံရေးဒုက္ခသည်တွေကို အိန္ဒိယအစိုးရက ဩစတြေးလျနိုင်ငံဘက် ထွက်ခွာခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013