DVB Logo
Home
မြန်မာသတင်း
NUG ကာကွယ်ရေးဝန်ကြီးဌာန လူမှုကွန်ရက်စာမျက်နှာ ဟက်ခ်ခံရ
DVB
·
October 23, 2023
NUG ကာကွယ်ရေးဝန်ကြီးဌာန လူမှုကွန်ရက်စာမျက်နှာ ဟက်ခ်ခံရ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာ အောက်တိုဘာ ၂၃ ရက် နေ့လယ်ပိုင်းက ဟက်ခ်ခံလိုက်ရပြီး မိနစ်အနည်းငယ်အတွင်း ပြန်လည်ရရှိခဲ့ပါတယ်။

ဟက်ကာတွေက ဖေ့စ်ဘွတ်ခ်ပေ့ဂျ်အတုတွေ၊ အကောင့်အတုတွေ ဖွင့်လှစ်ကာ ဗိုင်းရပ်စ် Link တွေကို မက်ဆေ့ချ်ဘောက်တွေက ပို့ဆောင်ခဲ့ပြီး ဝင်မိရာကနေ ဟက်ခ်သွားခဲ့ကာ sexy model တွေရဲ့ ဖော်ချွတ်ပုံတွေကို profile file ချိန်းသွားခဲ့ပြီး ပေ့ချ်ဟက်ခ်ခံရပြီး ၅ မိနစ်အကြာမှာ ပြန်လည်ရယူနိုင်ခဲ့တာပါ။

ကာကွယ်ရေးဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက “ဒီရက်ပိုင်း အဲဒီလိုမျိုး ဖေ့စ်ဘွတ်ခ်တင် အယောင်ဆောင်ပြီး အကောင့်တုတွေ page အတုတွေပေါ့နော်၊ Page request review တို့ review request တို့ စသည်ဖြင့်ပေါ့၊ အဲ့လိုနာမည်တွေသုံးပြီး ဖေ့စ်ဘွတ်ခ်ကတံဆိပ်တွေနဲ့ ဖေ့စ်ဘွတ်ခ်ကယောင်ယောင်လုပ်ပြီး မက်ဆင်ဂျာတွေကို မက်ဆေ့ချ်တွေ လိုက်ပို့တာပေါ့။ ‘ခင်ဗျားတို့ Page တွေ Violent ဖြစ်ပါတယ်။ ပြန် claim ချင်ရင် လုပ်ချင်ရင် ဒီလင့်ခ်ကိုနှိပ်ပါ’ ဆိုပြီးတော့ပေါ့။ သူတို့ပေးတဲ့လင့်ခ်တွေမှာက ဗိုင်းရပ်စ်တွေနဲ့ပါ။ တခြား တော်လှန်ရေး Page တွေလည်း ခံရလို့ လှမ်းမေးတာမျိုးတွေ ရှိပါတယ်ဗျ။ ဘယ်လိုလုပ်ရမလဲ ဆိုတာမျိုးတွေပေါ့။ ဒါမျိုးတွေကို သတိထားဖို့လိုပါမယ်။ ကျနော်တို့တော့ မိနစ်ပိုင်းအတွင်းမှာ ပြန်ရယူလိုက်နိုင်ပါတယ်။ အခုလည်း Activity log တွေကို လိုက်စစ်နေပါတယ်။ ဟက်ခ်ခံရပြီးပြီးချင်း တချို့ပို့စ်တွေမှာ ကွန်မန့်တွေ မန့်ခဲ့တာမျိုးတွေ ရှိခဲ့တယ်။ ဒါကြောင့် သေချာ လိုက်စစ်နေပါတယ်ဗျ” လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ် ဩဂုတ်လလောက်ကလည်း စစ်ကောင်စီလက်အောက်ခံ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ လူမှုကွန်ရက် စာမျက်နှာတွေ အပါအဝင် တော်လှန်ရေးရန်ပုံငွေရှာ Pageနဲ့ သတင်းဌာနတချို့ပါ ဟက်ခ်ခံခဲ့ရတာ ရှိခဲ့ပါသေးတယ်။

MOD ရဲ့ လုံခြုံရေးဆိုင်ရာ ဘယ်လိုဆောင်ရွက်နေလဲ ဆိုတာကိုတော့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောပါတယ်။

“ပုံမှန်အားဖြင့် Page ကိုင် Admin တွေနဲ့ အယ်ဒီတာတွေကို ဒစ်ဂျစ်တယ် Security သင်တန်းတွေ ပေးထားတာမျိုး ရှိပါတယ်။ ဒါပေမဲ့လည်း တခါတလေမှာ သတိလွတ်သွားတဲ့ အခါမျိုးမှာ ဖြစ်သွားတာလို့ပဲ နားလည်ရပါတယ်ဗျ။ ထပ်ပြီးတော့လည်း MOCIT နဲ့ ပေါင်းပြီးတော့ လိုအပ်တဲ့ တင်းကျပ်မှုတွေနဲ့ သတိထားရမှာတွေကို စဥ်ဆက်မပြတ် ဆက်လုပ်သွားဖို့ ရှိပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013