DVB Logo
Home
မြန်မာသတင်း
ဆီဒိုးနားဟိုတယ်ကို ကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် အပြီးသတ်ရောင်းချ
DVB
·
October 23, 2023
ဆီဒိုးနားဟိုတယ်ကို ကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် အပြီးသတ်ရောင်းချ
Donate to DVB

ရန်ကုန်မြို့က ထင်ရှားတဲ့ ဟိုတယ်တခုဖြစ်တဲ့ ဆီဒိုးနားဟိုတယ်ကို ပိုင်ရှင်ဖြစ်တဲ့ စင်ကာပူနိုင်ငံအခြေစိုက် Keppel  ကော်ပိုရေးရှင်း လုပ်ငန်းစုက အပြီးသတ် ရောင်းချလိုက်ပါတယ်။

Keppel ကော်ပိုရေးရှင်းအနေနဲ့ မြန်မာနိုင်ငံက ဆီဒိုးနားဟိုတယ်ကို စင်ကာပူနိုင်ငံမှာ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်တဲ့ Spring Blossom Ventures လုပ်ငန်းစုဆီ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းနဲ့ လွှဲပြောင်းရောင်းချလိုက်တာဖြစ်ပြီးတော့ အခု ၂၀၂၃ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာ အပြီးသတ်ရောင်းချနိုင်မယ်လို့  Keppel  ကထုတ်ပြန်ထားခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍမှာ ကိုဗစ်-၁၉ ကပ်ဘေးကြောင့်ရော ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်းမှာပါ လုပ်ငန်းလည်ပတ်နိုင်ဖို့ စိန်ခေါ်မှုတွေနဲ့အတူ ဆက်တိုက်ရုန်းကန်နေကြရတဲ့ အခြေအနေနောက်ပိုင်း ခုလိုပြန်လည်ရောင်းချတာက Keppel ရဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းသစ်တွေ ရရှိစေဖို့ ဝင်ငွေရှာမှု အစီအစဉ်တွေနဲ့ ကိုက်ညီတယ်လို့လည်း ဆိုပါတယ်။

Spring Blossom Ventures လုပ်ငန်းစုရဲ့ အမှုဆောင်အရာရှိချုပ်ကတော့ ကုမ္ပဏီအနေနဲ့ ဟို တယ်သစ်ကို လည်ပတ်မယ့် အော်ပရေတာကို ရှာဖွေနေပြီး ဘယ်အချိန်မှာ ပြန်လည်ဖွင့်လှစ်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ အရှိန်လျော့လာနေပေမယ့် နိုင်ငံရေး မတည်ငြိမ်မှုနဲ့အတူ နိုင်ငံခြားသားခရီးသွားတွေ ဝင်ရောက်မှု နည်းပါးတာကြောင့် တချို့သော ဟိုတယ်တွေကတော့ ခုချိန်ထိတိုင်အောင် ပိတ်ထားရဆဲ ဖြစ်ပါတယ်။

ဆီဒိုးနားဟိုတယ်ကိုတော့ မြန်မာ့ခရီးသွားနှစ်စတင်ချိန် လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်ကတည်းက နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တခုအနေနဲ့ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ၂၀၁၅ ခုနှစ်မှာတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အရှိန်အဟုန်မြင့်လာဖို့ မျှော်မှန်းချက်ကြီးကြီးမားမားနဲ့ အခန်းအရေအတွက် ၈၀၀ နီးပါးအထိ တိုးမြှင့်တည်းခိုနိုင်မယ့် အဆောက်အအုံသစ်ကို ထပ်မံတိုးချဲ့ခဲ့တာ ဖြစ်ပါတယ်။

Source: Keppel 

Photo Credit- SEDONA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013