DVB Logo
Home
နိုင်ငံတကာ
ဝိုင်အရက်တင်သွင်းမှုနှင့် ပတ်သက်ပြီး တရုတ်နှင့် ဩစတြေးလျတို့ သဘောတူ
DVB
·
October 23, 2023
ဝိုင်အရက်တင်သွင်းမှုနှင့် ပတ်သက်ပြီး တရုတ်နှင့် ဩစတြေးလျတို့ သဘောတူ
Donate to DVB

ဝိုင်အရက်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)မှာ တင်ပြထားတဲ့ အငြင်းပွားမှုကို ဖြေရှင်းဖို့ သြစတြေးလျဟာ တရုတ်နဲ့ သဘောတူညီချက် တရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနိစ်က အောက်တိုဘာ ၂၂ ရက်မှာ ပြောပါတယ်။

ဒီအောင်မြင်မှုဟာ ၂၀၂၀ ပြည့်နှစ်မှာ အခွန်မကောက်ခံမီက တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၈၀၀ တန်ဖိုး ရှိခဲ့တဲ့ ဝိုင်အရက် သွင်းကုန်တွေ ပြန်လည်စတင်နိုင်ရေးအတွက် လမ်းရှင်းပေးမှာပါ။

ဒီလုပ်ဆောင်ချက်ဟာ နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေး ပျော့ပြောင်းလာတဲ့ နောက်ဆုံး အကွက်ရွှေ့မှုပါ။

တရုတ်နိုင်ငံက ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ ကျောက်မီးသွေး၊ သစ်နဲ့ မုယောစပါးတို့လို  သြစတြေးလျ ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ကန့်သတ်ချက်တွေကို ရုပ်သိမ်းလိုက်ပြီးပါပြီ။

တရုတ်နိုင်ငံဟာ ဩစတြေးလျ ဝိုင်အများစုအပေါ်  အခွန်ငွေ ၂၁၈ ရာခိုင်နှုန်း အထိ စည်းကြပ်မယ်လို့ ၂၀၂၀  နိုဝင်ဘာလမှာ ကြေညာခဲ့အပြီး ကုန်သွယ်မှု ပြိုလဲသွားခဲ့ တာပါ။

သြစတြေးလျက ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုပြီးတဲ့နောက် တရုတ်က ချမှတ်ခဲ့တဲ့ ကုန်သွယ်ရေး တားမြစ်ပိတ်ပင်မှုရဲ့ အကျိုးဆက်လည်း ဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တရုတ်ဝန်ကြီးချုပ် လီချန် တို့နဲ့ တွေ့ဖို့ နိုဝင်ဘာ ၄ ရက်ကနေ ၇ ရက်အထိ တရုတ်နိုင်ငံဆီ သွားမယ်လို့ ဩစတြေးလျဝန်ကြီးချုပ် အယ်လ်ဘာနီးစ်က တနင်္ဂနွေနေ့ မှာ ပြောခဲ့ပါတယ်။

ဒါဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း သြစတြေးလျ ခေါင်းဆောင် တဦး တရုတ်နိုင်ငံဆီသွားတဲ့ ပထမဆုံး ခရီးစဉ်ဖြစ်လာမှာပါ။

 Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013