DVB Logo
Home
မြန်မာသတင်း
ခေတ်ပေါ်ကဗျာဆရာ အောင်ခိုင်မြတ် ကွယ်လွန်
DVB
·
October 22, 2023
ခေတ်ပေါ်ကဗျာဆရာ အောင်ခိုင်မြတ် ကွယ်လွန်
Donate to DVB

မြန်မာ့ခေတ်ပေါ်ကဗျာလောကရဲ့ ထင်ရှားတဲ့ ကဗျာဆရာတဦးဖြစ်တဲ့ ကဗျာဆရာ အောင်ခိုင်မြတ် (ခ) ကိုစည်သူခိုင်ဟာ အောက်တိုဘာ ၂၂ ရက် ဒီမနက်အစောပိုင်း ၂ နာရီလောက်က တောင်ငူမြို့နေအိမ်မှာ  ၉၆ ပါး ရောဂါနဲ့  ကွယ်လွန်သွားပါတယ်။

သူနဲ့ ရင်းနှီးတဲ့ ကဗျာဆရာတဦးက “ကျောက်ကပ်မကောင်းတာ။ မနေ့ညနေကမှ လဲသွားတာ”လို့ ပြောပါတယ်။

ကဗျာဆရာ အောင်ခိုင်မြတ် ကွယ်လွန်ချိန်မှာ အသက် ၄၉ နှစ်သာရှိသေးပြီး မိခင်ဖြစ်သူ၊ အစ်မဖြစ်သူနဲ့ ညီဖြစ်သူတို့ ကျန်ရစ်ခဲ့ကာ အောက်တိုဘာ ၂၄ ရက်နေ့မှာ သင်္ဂြိုဟ်မယ်လို့ ခေတ်ပေါ်ကဗျာအသိုင်းအဝိုင်းက သိရပါတယ်။

သူငယ်ချင်းကဗျာဆရာတဦးက “သူ(အောင်ခိုင်မြတ်) ကဖြူစင်တယ်။ အပြင်မှာဆုံဖူးတဲ့ လူတွေ သိကြပါတယ်။ နေထိုင်ပုံကအစအေးအေးပဲ။ စကားပြောရင်လည်း ခေါင်းညိမ့်ညိမ့်ပြီးပြောတယ်။ သူ့ကိုပြောရင်တောင်မှ ရယ်ပြီးသေချာ နားထောင်ပေးတတ်တာမျိုး။ တချို့အယူအဆ တိမ်းစောင်းနေသူတွေနဲ့ ဆိုရင်တော့ သူ့စိတ်ကမာသွားတယ်။ ဘာကိုမှ မကြောက်မလန့်ပဲ ပြောစရာရှိတာကို တည့်ထိုးပြောတော့တာ”လို့ ပြောပါတယ်။

ကဗျာဆရာအောင်ခိုင်မြတ်ကို ၁၉၇၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှာ အဖ ဦးချာလီ ၊ အမိ ဒေါ်ခင်အေးမူတို့ကနေ မွေးဖွားခဲ့ပြီး ကဗျာတွေကို ငယ်စဉ်က အထက ( ၂ ) ကျောင်း တက်နေစဉ်ကတည်းက စတင်ရေးသားခဲ့ပြီး အသက် ၁၇ နှစ်အရွယ် ၁၉၉၀ ပြည့်နှစ် ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းမှ, ကဗျာစတင် ပုံနှိပ်ဖော်ပြခံရပါတယ်။

ကဗျာဆရာ အောင်ခိုင်မြတ်ဟာ ၂၀၁၇ ခုနှစ်မှာ “တည်ငြိမ်ရတဲ့အရသာ” ကဗျာနဲ့ အနောင်မြောက်လွင်ပြင်ကဗျာဆုကိုရရှိခဲ့ပြီး ကဗျာဆရာစံညိမ်းဦး၊ ကဗျာဆရာ ခင်ဇော်မြင့်၊ ကဗျာဆရာဝိုင်ချို၊ ကဗျာဆရာသားဦး၊ ကဗျာဆရာတိုးနှောင်မိုး၊ ကဗျာဆရာလူဇော်သစ်တို့နဲ့ ခေတ်ပြိုင်ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ကဗျာဆရာ အောင်ခိုင်မြတ်ရေးသားခဲ့တဲ့ ကဗျာတွေထဲမှာ တည်ငြိမ်ရတဲ့အရသာ၊ ကဗျာဆရာ၊ ပျော်ပျော်နေကြေကွဲ၊ ကိုယ်မှမ လွမ်းရင် ဘယ်သူက လွမ်းပေးမှာလဲ၊ နောက်ဆုံးပေါ် မနက်ခင်း၊ ပြည်လမ်းညနေ၊ ညီမလေးမြို့ပြ၊ လူငယ်လေးတဦး ၊အေးတဲ့မီး၊ လပြည့်ဝန်း၊ အိမ်ကွင်း၊ ကဖေးဆိုင်၊ တောင်ငူကဗျာတို့မှာ အလွန်ထင်ရှားခဲ့ပြီး ကွယ်လွန်ချိန်အထိ ကဗျာပေါင်းများစွာရေးသားခဲ့ပါတယ်။

ပျော်ပျော်နေကြေကွဲ (စိတ်ကူးချိုချို)၊ အေးတဲ့မီး ( ကျော်မွှေးစာအုပ်တိုက်) ကဗျာစာအုပ်တွေ ထွက်ရှိခဲ့ပြီး ၂၀၁၂ ခုနှစ် ညီမင်းညိုကဗျာမိသားစုဖောင်ထရေးရှင်း ကဗျာဆု၊ ၂၀၁၇ ခုနစ် အနောက် မြောက်လွင်ပြင်ကဗျာဆု ၊ ၂၀၁၉ ခုနစ် ကျောက်ဆည် ဧရာဝတီကဗျာဆုတွေလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013