DVB Logo
Home
နိုင်ငံတကာ
ဖခင်ထံက အာဏာလုယူပြီး နိုင်ငံကို ချမ်းသာစေခဲ့သည့် ကာတာစော်ဘွား ကွယ်လွန်
DVB
·
July 13, 2026
Photo: REUTERS/Ibraheem Al Omari/File Photo
Photo: REUTERS/Ibraheem Al Omari/File Photo
Donate to DVB

၁၉၉၅ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ကာတာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ စော်ဘွားဟောင်း ရှိတ်ခ်ဟာမတ် ဘင်ခါလီဖာ အယ်လ်သာနီဟာ အသက် ၇၄ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

ဇူလိုင် ၁၂ ရက်က အစိုးရရဲ့  ထုတ်ပြန်ချက်အရ ရှိတ်ခ်ဟာမတ်ဟာ ခေတ်သစ် ကာတာနိုင်ငံရယ်လို့ ဖြစ်လာအောင် တည်ဆောက်တဲ့နေရာမှာ အဓိကဦးဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် ၁၉၉၅ ခုနှစ်ရဲ့ ဇွန်လပိုင်းမှာ ဖခင်ဖြစ်သူ ရှိတ်ခ်-ခါလီဖာ ပြည်ပရောက်နေစဉ် သွေးထွက်သံယို မရှိတဲ့ အာဏာသိမ်းမှုနဲ့ အပြောင်းအလဲတွေ ဖော်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

အဲဒီနောက် လူသိနည်းပါးတဲ့ ကန္တာရကျွန်းဆွယ်နိုင်ငံတခုအဖြစ်ကနေ သဘာဝဓာတ်ငွေ့ရည် ထုတ်လုပ်ရောင်းချပြီး ကြွယ်၀ချမ်းသာလာအောင် ဦးဆောင်ပေးနိုင်ခဲ့သူအဖြစ် သူ့ကို အသိအမှတ်ပြုလေ့ ရှိကြပါတယ်။

ရှိတ်ခ်ဟာမတ် လက်ထက်မှာပဲ ကာတာနိုင်ငံက အယ်လ်-ယူဒိ စစ်စခန်းကြီးကို တည်ဆောက်ပြီး အရှေ့အလယ်ပိုင်းဒေသတွင်း အမေရိကန်စစ်အင်အားအများဆုံး တည်ရှိရာ ဖြစ်လာခဲ့ပါတယ်။

ဒီခေါင်းဆောင်ဟောင်းက မီဒီယာရဲ့ အရေးပါမှုကိုပါ နားလည်သဘောပေါက်ခဲ့တဲ့အလျောက် ၁၉၉၆ ခုနှစ်မှာ အယ်လ်ဂျာဇီးယားသတင်းဌာန တည်ထောင်ပြီး လူသိများ ထင်ရှားလာခဲ့ပါတယ်။

အလားတူ ကာတာအတွက် အကြီးမားဆုံးအောင်မြင်မှုတခု ဖြစ်ခဲ့သလို အငြင်းပွားစရာလည်း ဖြစ်ခဲ့တာကတော့ ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ကာတာ ရင်းနှီးမြှုပ်နှံရေး အာဏာပိုင်အဖွဲ့ (QIA) ကို ရှိတ်ခ်ဟာမတ် ကပဲ ထူထောင်ခဲ့ပြီး လန်ဒန်အခြေစိုက် ဟဲရော့ဒ်စ် ကုန်တိုက်ကြီးနဲ့ ပါရီအခြေစိုက် ပီအက်စ်ဂျီ ဘောလုံးအသင်း အပါအဝင် နိုင်ငံရပ်ခြား စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အခုလိုမျိုး ကာတာအတွက် သူမျှော်မှန်းထားတဲ့အတိုင်း လက်တွေ့ဖြစ်လာချိန် ၂၀၁၃ ခုနှစ် အရောက်မှာတော့ ရာထူးကနေ နုတ်ထွက်ပြီး​ သားဖြစ်သူ ရှိတ်ခ်တာမင်ကို အာဏာလွှဲပေးခဲ့ပါတယ်။

၁၉၇၁ ခုနှစ်အထိ ဗြိတိန်ရဲ့ အကာအကွယ်အောက်မှာသာ ကာတာနိုင်ငံ ရှိနေခဲ့ပေမဲ့လည်း ၁၈၅၁ ခုနှစ်ကတည်းက အယ်လ်သာနီ မိသားစုဟာ စော်ဘွားတွေအနေနဲ့ နိုင်ငံကို အုပ်ချုပ်လာခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013