DVB Logo
Home
မြန်မာသတင်း
မူဆယ် - ကျင်းစန်းကျော့ လမ်းဘေး အမှိုက်ပုံတွင် လက်ပြန်ကြိုးတုပ် သတ်ဖြတ်ခံထားရသည့် အလောင်း ၃ လောင်းတွေ့ 
DVB
·
October 22, 2023
မူဆယ် - ကျင်းစန်းကျော့ လမ်းဘေး အမှိုက်ပုံတွင် လက်ပြန်ကြိုးတုပ် သတ်ဖြတ်ခံထားရသည့် အလောင်း ၃ လောင်းတွေ့ 
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရာ လမ်းမတခုဖြစ်တဲ့ မူဆယ် - ကျင်းစန်းကျော့ လမ်းဘေးရှိ အမှိုက်ပုံမှာ လက်ပြန်ကြိုးတုပ် သတ်ဖြတ်ခံထားရတဲ့ အလောင်း ၃ လောင်း အိတ်နဲ့ထုပ်ပြီးစွန့်ပစ်ထားတာကို အောက်တိုဘာ ၂၁ ရက်က တွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ 

လက်ဖက်ညွှန့် လူမှုကူညီရေးအသင်း တာဝန်ရှိသူ တဦးက “အဲဒီလူတွေက ကျင်းစန်းကျော့က လူပါခင်ဗျ။ သုံးယောက်လေ။ ပုပ်ပွနေပြီလေ။ ကြည့်လို့ မရတော့ဘူး”လို့ ပြောပါတယ်။ 

အလောင်း ၃ လောင်းထဲမှာ နှစ်လောင်းက အသက် ၃၀ ခန့် အရွယ်နဲ့ အသက် ၅၀ ခန့်အရွယ် သားအဖ ဖြစ်ပြီး ကျန်တဲ့အလောင်ကတော့ အသက် ၂၀ ခန့်အရွယ် အမျိုးသမီး ၁ ဦးရဲ့ အလောင်းဖြစ်တယ်လို့  ဒေသခံက ပြောပါတယ်။ 

သေဆုံးသွားတဲ့သူတွေက အောက်တိုဘာ ၁၁ ရက်နေ့ကတည်းက အသိတယောက်နဲ့အတူ  ၄ ဦး ကားနဲ့ အတူတူ ထွက်သွားကြတာဖြစ်ပြီး လက်ရှိမှာတော့ အတူတူ သွားတဲ့ ၄ ဦးထဲက ၁ ဦး ပျောက်ဆုံးနေကာ ပျောက်နေသူကို အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ပြောတယ်လို့ ဆိုပါတယ်။ 

"အိမ်ကနေ ပျောက်သွားတာ တပတ်ကျော်ပေါ့” လို့ မြို့ခံ ကူညီကယ်ဆယ်ရေးသမားတဦးက ပြောပါတယ်။ 

မိသားစုဝင်တွေရဲ့ ပြောပြချက်အရ ကျင်းစန်းကျော့ကနေ ကျယ်ဂေါင်ဘက် ဈေးဝယ်သွားမယ်ဆိုပြီး ထွက်သွားကြတာလို့ သိရကြောင်းလည်း သူက ပြောပါတယ်။ 

မူဆယ်ဒေသမှာ အခုလိုဖြစ်တဲ့ ပုံစံအလောင်းသွားကောက်တာ အခုအကြိမ် ပထမဆုံးဖြစ်ပြီး အရင်တုန်းက မမြင်ဖူး၊ မကြားဖူးဘူးလို့ ကယ်ဆယ်ရေးသမားက ပြောပါတယ်။ 

အဆိုပါ ၃ ဦးကို ဘယ်သူ ဘယ်အဖွဲ့အစည်းက ဘာကြောင့် သတ်သွားတယ်ဆိုတာ မသိရသေးပါဘူး။ 

သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းကို‌တော့ လက်ဖက်ညွှန့်လူမှုကူညီရေးအသင်းနဲ့ မြင့်မြတ်ပါရမီအသင်းတို့ ပူးပေါင်းပြီး မူဆယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ ပါတယ်။ 

photo-လက်ဖက်ညွှန့်လူမှုကူညီရေးအသင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013