DVB Logo
Home
မြန်မာသတင်း
ပြိုကျ Sky Villa က အလောင်း ၃ လောင်း ထပ်တွေ့
DVB
·
August 23, 2025
ပြိုကျ Sky Villa က အလောင်း ၃ လောင်း ထပ်တွေ့
Donate to DVB

အင်အားပြင်း ငလျင်ကြောင့်ပြိုကျခဲ့တဲ့ မန္တလေးမြို့ရှိ Sky Villa အဆောက်အအုံကနေ ကလေးတယောက်နဲ့ အမျိုးသမီး ၂ ယောက်ရဲ့ ရုပ်အလောင်းတွေ့ရှိထုတ်ယူနိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ဩဂုတ် ၂၃ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

အောင်မြေသာစံမြို့နယ်က Sky Villa အဆောက်အအုံ A အဆောင်ကို NTL ကုမ္ပဏီ(Sky villa condo)၊ Asiaworld ကုမ္ပဏီနဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းရှင်းလင်းနေတာဖြစ်ပြီး ဩဂုတ် ၂၃ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ မှာ  အောင်မြေသာစံမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေက အဆောင် A၊ အခန်းအမှတ် A4 ကနေ အမျိုးသမီး ၁ ယောက်ရဲ့ ရုပ်အလောင်းကို ထုတ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအခန်းကနေ မွန်းလွဲ ၁ နာရီမှာ ယောကျ်ားလေး ၁ ယောက်ရဲ့အလောင်းကိုထုတ်ယူနိုင်ခဲ့သလို နေ့လယ် ၁၂ နာရီကလည်း အမျိုးသမီး ၁ ယောက်ရဲ့ ရုပ်အလောင်းကို ထုတ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အလောင်းတွေကို မြတ်သဒ္ဒါလူမှုကူညီရေးအသင်းယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးဆီကို ပို့ဆောင်ပေးခဲ့ပြီး ဩဂုတ် ၁၉ ရက်ကလည်း အမျိုးသား ၁ ယောက်ရဲ့ ရုပ်အလောင်းကို ထုတ်ယူနိုင်ခဲ့ပါသေးတယ်။

ဩဂုတ် ၁၃ နဲ့ ၁၄ ရက်ကလည်း အလောင်း ၆ လောင်း ထုတ်ယူနိုင်ခဲ့ပြီး Sky Villa ဟာ ငလျင်ကြောင့် မန္တလေးမှာ အသေအပျောက်အများဆုံးဖြစ်သလို ကျန်ရှိတဲ့ ရုပ်အလောင်းတွေကို ထုတ်ယူနေဆဲဖြစ်ပြီး ဒီနေ့အထိ ရုပ်အလောင်း ၁၆၀ ကျော် ထုတ်ယူနိုင်ခဲ့ပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးကြောင့် တိုင်းနဲ့ပြည်နဲ့ ၆ ခုမှာ ဩဂုတ် ၁၃ ရက်အထိ သေဆုံးသူ ၃,၇၇၃ ယောက်၊ ဒဏ်ရာရသူ ၅,၁၀၄ ယောက်နဲ့ ပျောက်ဆုံးသူ ၃၅ ယောက်ရှိပြီး အဆောက်အအုံတွေအတွင်းပိတ်မိနေသူတွေထဲက အသက်ရှင်သူ ၆၅၃ ယောက်နဲ့ သေဆုံးသူ ၈၅၁ ယောက်ကို ရှာဖွေနိုင်ခဲ့တယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013