DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက်မြို့ အစ္စရေးသံရုံးရှေ့တွင် ပါလက်စတိုင်းထောက်ခံသူများ ဆန္ဒပြ
DVB
·
October 22, 2023
ဘန်ကောက်မြို့ အစ္စရေးသံရုံးရှေ့တွင် ပါလက်စတိုင်းထောက်ခံသူများ ဆန္ဒပြ
Donate to DVB


ထိုင်းနိုင်ငံရဲ့ မြို့တော်ဘန်ကောက်က အစ္စရေးသံရုံး အပြင်ဘက်မှာ ပါလက်စတိုင်းအရေးကို ထောက်ခံတဲ့ ဆန္ဒပြသူ ရာပေါင်းများစွာဟာ အောက်တိုဘာ ၂၁ ရက်မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက အပစ်အခတ်ရပ်စဲရေးနဲ့ ဂါဇာကို အစ္စရေးတို့ သိမ်းပိုက်မှု အဆုံးသတ်ရေးကို တောင်းဆိုခဲ့ကြပါတယ်။
မိုးဖွဲတွေကြားမှာ ဆန္ဒပြသူတွေဟာ ပဋိပက္ခအတွင်း အစ္စရေးရဲ့ လုပ်ရပ်တွေကို ရှုတ်ချတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ရင်း ပါလက်စတိုင်းကို လွှတ်ပေး၊ အစ္စရေး ကျဆုံးပါစေ စတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။
ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းမွတ်စလင်တွေဟာ အစ္စရေးရဲ့ လက်အောက်မှာ ၇၅ နှစ်ကြာ ဖိနှိပ်မှုကို ခံရပေမဲ့ ဘယ်သူကမှ ဂရုမစိုက်ခဲ့ဘူးလို့ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်သူ အသက် ၆၀ အရွယ် ဇာဟာရာ အာခူခယ်က ပြောပါတယ်။
ဘန်ကောက်မြို့တော်က အစ္စရေးသံရုံးကို လုံခြုံရေး စိုးရိမ်ချက်တွေကြောင့် အောက်တိုဘာ ၁၈ ရက်ကတည်းက ပိတ်ထားခဲ့ရပါတယ်။
အောက်တိုဘာ ၂၀ ရက်အထိ ရထားတဲ့ သတင်းအချက်အလက်တွေအရ အစ္စရေး ပါလက်စတိုင်း ပဋိပက္ခအတွင်း ထိုင်းနိုင်ငံသား အယောက် ၃၀ သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိကာ ၁၉ ဦး ပြန်ပေးဆွဲခံရထားရတယ်လို့ ယူဆထားတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောထားပါတယ်။


Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013