
ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ပြသနိုင်ခဲ့တယ်လို့ အာဆင်နယ် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်က ပြောသွားပါတယ်။
အာဆင်နယ်ဟာ ချဲလ်ဆီးအသင်းကို ၂ ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပေမဲ့ ပွဲချိန် ၇၇ မိနစ်နဲ့ ၈၄ မိနစ်တွေမှာ နှစ်ဂိုးဆက်တိုက် ချေပဂိုးတွေပြန်သွင်းယူပြီး ရှုံးပွဲမရှိမှတ်တမ်းကို ဆက်ထိန်းနိုင်ခဲ့တာပါ။
အာဆင်နယ်အတွက် ၇၇ မိနစ်မှာ ရရှိခဲ့တဲ့သွင်းဂိုးကို ဒက်ကလန်ရိုက်စ်က သွင်းယူခဲ့ပြီး အသင်းရဲ့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ကို ပြသနိုင်ခဲ့တယ်လို့ ရိုက်စ်ကပြောပါတယ်။
“ ၂ ဂိုးပြတ်ရှုံးနိမ့်နေရာကနေ ပြန်လာနိုင်ဖို့ကမလွယ်ပါဘူး။ ပထမပိုင်းကစားပုံက အဆိုးရွားဆုံး ဖြစ်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ကို ပြသနိုင်ခဲ့ပြီး အပေါင်း လက္ခဏာဆောင်တဲ့ ရလဒ်တစ်ခု ဖြစ်ခဲ့ပါတယ်။” လို့ ဒက်ကလန်ရိုက်စ်က ပွဲအပြီးမှာ ပြောပါတယ် ။
ရိုက်စ်ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးနှစ်ဂိုးဟာ မန်ယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတွေနဲ့ ပွဲစဉ်တွေမှာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters










