
ဒဏ်ရာပြဿနာတွေကြောင့် ပွဲဆက်များမှုအတွက် အဆင်သင့်မဖြစ်သေးကြောင်း ဘရိုက်တန်နည်းပြ ဒီဇာဘီက ပြောသွားပါတယ်။
ဘရိုက်တန်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ကစားသမားနှစ်ဦးဟာလည်း ဒဏ်ရာကိုယ်စီနဲ့ လူစားလဲ ခံခဲ့ရတာပါ။
အဓိက ကစားသမား ဆိုလီမက်ချ်က ကာလကြာရှည်အနားယူရမှာဖြစ်ပြီး တိုက်စစ်မှူးဝဲလ်ဘက်ရဲ့ ဒဏ်ရာအခြေအနေကလည်း ခန့်မှန်းလို့ မရနိုင်သေးကြောင်း ဒီဇာဘီက ပြောပါတယ်။
အခုနှစ်ရာသီမှာ ယှဉ်ပြိုင်ဖူးခြင်းမရှိတဲ့ ယူရိုပါလိဂ်ပြိုင်ပွဲလို့ ကွဲပြားခြားနားတဲ့ပြိုင်ပွဲ ကစားနေရပြီး ဒဏ်ရာပြဿနာတွေလည်းရှိနေတာက ပြိုင်ပွဲအတွက် အဆင်သင့်မ မဖြစ်သေးကြောင်း ဒီဇာဘီက ပြောပါတယ်။
ဘရိုက်တန်အသင်းမှာ အမာခံကစားသမားတွေဖြစ်တဲ့ မိုဒါ၊ အန်စီဆို၊ အက်စ်တူပင်နန်၊ လမ်တေး တို့ဟာလည်း ဒဏ်ရာရရှိနေကြတာ ဖြစ်ပါတယ်။
Photo-Reuters










