DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်တွင်   လူ ၁၅၀ ကျော်ကို ကွန်ပျူတာသင်တန်းပေးနိုင်ခဲ့ 
DVB
·
October 21, 2023
ကရင်နီပြည်တွင်   လူ ၁၅၀ ကျော်ကို ကွန်ပျူတာသင်တန်းပေးနိုင်ခဲ့ 
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်မှာ CDM ဆရာ၊ ဆရာမတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ ကွန်ပျူတာသင်ယူလိုတဲ့ သင်တန်းသား ၁၅၀ ကျော်ကို    ကွန်ပျူတာအခမဲ့ သင်ကြားပေးနိုင်ခဲ့တယ်လို့  ကယား ပြည်နယ်လုံး ဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂက တာဝန်ရှိသူဆီက သိရပါတယ်။  

၂၀၂၃ ခုနှစ် ၁ လပိုင်းက စတင်ပြီး ကွန်ပျူတာသင်တန်းကို တကြိမ်မှာ ပျမ်းမျှအယောက် ၃၀ နှုန်းနဲ့ ၅ ကြိမ်အထိ သင်ကြားပေးခဲ့ပြီး သင်တန်းကို တက်ရောက်သူ ၁၅၉ ယောက် အထိ ရှိတယ်လို့ ဆိုပါတယ်။  

ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂက တာဝန်ရှိသူက "ရည်ရွယ်ချက်ကတော့ ကျမတို့အနေနဲ့  CDM ဆရာ ဆရာမတွေဟာ ခေတ်ကောင်းစဉ် ကတည်းက ဆရာ ဆရာမ စွမ်းဆောင်ရည်မြှင့်သင်တန်းအပါအဝင်  နည်းပညာနဲ့လည်း အတော်လေး အလှမ်းဝေးကြတာ များတယ်။ ခုဆို ပိုဆိုးတာပေါ့။  အဓိက ကတော့ CDM တွေကို ရည်ရွယ်ပါတယ်။ သူတို့တွေ နည်းပညာနဲ့ အလှမ်းမဝေးအောင်" လို့  ပြောပါတယ်။

သင်တန်းကာလ တလကြာမြင့်ပြီး တယောက်ကို ကွန်ပျူတာတလုံးနဲ့ တရက်ကို ၃ နာရီ ကြာ သင်ကြား​ပေးနေပြီး မနက်ပိုင်းနဲ့ ညနေပိုင်း ခွဲပြီး ၂ ကြိမ် သင်ကြားပေးနေတာပါ။

လက်ရှိမှာ ကွန်ပျူတာသင်တန်း အပတ်စဥ် ၅ ကို ဒီးမော့ဆို အနောက်ဘက်ခြမ်းတနေရာမှ သင်ကြားပေးနေပြီး လာမယ့် နိုဝင်ဘာ ၅ ရက်နေ့မှာတော့ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာ သင်ကြားပေးသွားမှာဖြစ်လို့ တက်ရောက်ကြဖို့ ဖိတ်ခေါ်ထားတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013