DVB Logo
Home
မြန်မာသတင်း
ကရင်နီက လူငယ်တွေအတွက် ကွန်ပျူတာသင်တန်းသားသစ်များ ခေါ်ယူ
DVB
·
January 15, 2026
ကရင်နီက လူငယ်တွေအတွက် ကွန်ပျူတာသင်တန်းသားသစ်များ ခေါ်ယူ
1 / 4
Donate to DVB

ကရင်နီပြည်နယ်မှာရှိတဲ့ Karenni Digital Empowerment Program (KDEP) က ကွန်ပျူတာသင်ကြားလိုတဲ့ လူငယ်တွေအတွက် သင်တန်းသား အယောက် ၄၀ ကို ခေါ်ယူနေတယ်လို့ KDEP တာဝန်ရှိသူက ဇန်နဝါရီ ၁၅ ရက်မှာ ပြောပါတယ်။

စစ်ရေးအခြေအနေကြောင့် စစ်ရှောင်စခန်းမှာနေရတဲ့ လူငယ်တွေ၊ တပ်ရင်းမှာ တာဝန်ထမ်းဆောင်ရင်း ပညာရလိုသူတွေ၊ ကိုယ်လက်အင်္ဂါထိခိုက်ဆုံးရှုံးရတဲ့ ရဲဘော်ရဲဖက်တွေ၊ ပညာသေချာသင်ကြားလိုသူတွေ လာရောက်လျှောက်ထားနိင်တယ်လို့ ဆိုပါတယ်။

KEDP တာဝန်ရှိသူက “စစ်ပြီးမှ ပညာရေးအခွင့်အလမ်းတွေ ပြန်ပြီးပေးမယ် စတင်မယ်ဆိုရင် မြေပြင်မှာ တကယ့်တကယ် ရင်ဆိုင်နေရတဲ့ လူငယ်တွေရဲ့ အနာဂတ်၊ သူတို့ရဲ့ ပညာရေးခရီးလမ်းက ရပ်နေတဲ့ ပုံစံဖြစ်နေတာပေါ့နော်။ ဒါကြောင့် စစ်မက်တွေ ဘယ်လောက်ပဲ ဖြစ်ပွားဖြစ်ပွား ခက်ခဲနေတဲ့ကြားကပဲ သူတို့ကို ဒီရဲ့ ပညာရေးတခုခုကို သူတို့ကို ပေးလိုက်ချင်တာပေါ့နော်။ ကျနော်တို့မှာရှိတဲ့ ပညာကို သူတို့ကို Sharing လုပ်တဲ့ သဘောနဲ့ ဝေမျှချင်လို့ ဒီသင်တန်းလေးက ဖြစ်လာတာပေါ့နော်’’ လို့ ပြောပါတယ်။

သင်တန်းစိတ်ဝင်စားသူတွေအနေနဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လွှာဖောင်ကို ဖြည့်ဖို့လိုအပ်ပြီး သင်တန်းကာလက ၃ လဖြစ်ကာ သင်တန်းချိန်အနေနဲ့ Class A : မနက် ၉ နာရီကနေ မွန်းတည့် ၁၂ နာရီ၊ Class B : နေ့လယ် ၁ နာရီကနေ ညနေ ၄ နာရီ ဖြစ်လို့ အဆင်ပြေတဲ့ အချိန် သင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

KDEP သင်တန်းကျောင်းက ပထမအသုတ် Batch 1 အနေနဲ့ သင်တန်းသား ၃၂ ယောက်ကို သင်ကြားပေးခဲ့ပြီး အခုတခေါက်ကတော့ Batch 2 ဖြစ်ကာ သင်ကြားမှာတွေက Basic Computer Skills, Microsoft Office Basics, Windows Installation & Set up, Windows User Account and Management, Adobe Photoshop, Useful Online Tools For Daily Use, Linux Operating System ( Intro ), Basic Programming ( Intro ), Digital Safety & Online Security တို့ ဖြစ်ပါတယ်။

KDEP အနေနဲ့ ကွန်ပျူတာလိုအပ်ချက်ရှိတာ၊ ပြုပြင်ရတာတွေကြားကနေ သင်ကြားပေးနေတာ ဖြစ်လို့ လူငယ်တွေရဲ့ အနာဂတ်အတွက် ပါဝင်ကူညီပေးချင်တဲ့ အလှူရှင်တွေရှိရင်လည်း ဖိတ်ခေါ် ပါတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013