DVB Logo
Home
နိုင်ငံတကာ
အယ်နီညိုကြောင့် စံချိန်တင်မိုးခေါင်ခဲ့သည် အမေဇုန်မိုးသစ်တော (Photo Essay)
DVB
·
October 21, 2023
အယ်နီညိုကြောင့် စံချိန်တင်မိုးခေါင်ခဲ့သည် အမေဇုန်မိုးသစ်တော (Photo Essay)
1 / 11
Donate to DVB

ကမ္ဘာ့ရေချိုရဲ့ ငါးပုံ တပုံ စီးဆင်းရာ အမေဇုန်မိုးသစ်တောဟာ အယ်နီညိုကြောင့် စံချိန်တင် မိုးခေါင် ခဲ့တဲ့အပြင် ရီယိုနီဂရိုး မြစ်ရေဟာလည်း နှစ်ပေါင်း ၁၂၀ ကျော်အတွင်းမှာ အနိမ့်ဆုံးအဆင့်ထိ ကျဆင်း ခန်းခြောက် သွားခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး မိုးသစ်တောရဲ့ ဒုတိယမြစ်လက်တက်ဟာ အထူးခြားဆုံး ရေကြီးပြီး ၂ နှစ်ကျော်အကြာမှာ အဆိုးရွားဆုံး မိုးခေါင်မှုကို ခံစားနေရတာပါ။

အောက်တိုဘာ ၁၇ ရက်မှာတော့ ဘရာဇီးနိုင်ငံက အမေဇုန်မိုးသစ်တောရဲ့ အလယ်ဗဟိုက မြစ်တွေဟာ စံချိန်တင် မိုးခေါင်မှုကြောင့် ခန်းခြောက် သွားခဲ့ပြီး လူထောင်ပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ တောတွင်း ဂေဟစနစ်ကို ပျက်စီးစေခဲ့တယ်လို့ သိရပါတယ်။ 

ဘရာဇီးအစိုးရ သဘာဝဘေးအန္တရာယ် သတိပေးချက်စင်တာရဲ့ အဆိုအရ အမေဇုန်ရဲ့ တချို့နေရာတွေဟာ ဇူလိုင်မှ စက်တင်ဘာလအထိ မိုးရွာသွန်းမှု အနည်းဆုံးဖြစ်ခဲ့ပြီး မိုးခေါင်ရေရှားမှုဟာ အနည်းဆုံး ဒီဇင်ဘာလ အထိ ကြာရှည်မယ်လို့ မျှော်လင့်ထားပါတယ်။

အမေဇိုးနာစ်ပြည်နယ်က အမေဇုန်ရဲ့ မြစ်လက်တက်တွေ လျင်မြန်စွာ ခန်းခြောက်လာကာ မြစ်လင်းပိုင် ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ဆိုသလို မြစ်ဆုံရှိရာ  မန်နောင့်စ်မြို့မှာလည်း မိုးခေါင်ရေရှားမှုကြောင့် လူ ၄၈၁,၀၀၀ ကို ထိခိုက်ခဲ့စေခဲ့တယ်လို့ ဘရာဇီးသိပ္ပံ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လတ်တလော တချို့ ဒေသတွေမှာ ကနူးလှေနဲ့ သွားလာနိုင်သေးပေမဲ့ လှေအများအပြားဟာ မြစ်ကြောင်း တလျှောက် ရိက္ခာတွေ မပို့ဆောင်နိုင်တော့တာကြောင့် ကုန်စည်အများစုကို ကုန်းပေါ်သွား စက်တပ်ယာဉ် ဒါမှမဟုတ် လူတွေ နဲ့ထမ်းပိုးပြီး ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။ 

နီဂရိုးမြစ်ဟာ အမေဇုန်မြစ်ဝှမ်းရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကို စီးဆင်းစေပြီး ကမ္ဘာပေါ်မှာ ရေထုထည်အားနဲ့ ဆဋ္ဌမ မြောက်အကြီးဆုံးဖြစ်ပါတယ်။

ဒါအပြင် နောက်ထပ်အဓိက မြစ်လက်တက်ဖြစ်တဲ့ မာဒီရာမြစ်ဟာ သမိုင်းမှာ နိမ့်ကျတဲ့ အဆင့် အဖြစ် မှတ်တမ်း ဝင်ခဲ့ပြီး ဘရာဇီးရဲ့ စတုတ္ထအကြီးဆုံးဖြစ်သော ဆန်တိုအန်တိုနီရို ရေအားလျှပ်စစ်ဆည်ကို ရပ်နားခဲ့ရတဲ့ အထိဖြစ်ခဲ့ပါတယ်။

အမေဇိုးနားပြည်နယ်အတွင်း မြို့တော် ၆၂ ခုအနက် ၅၅ ခုဟာ စက်တင်ဘာလနှောင်းပိုင်းမှာတော့ ပြင်းထန်တဲ့ မိုးခေါင်မှုကြောင့် အရေးပေါ်အခြေအနေကို ရောက်ခဲ့ရပါတယ်။

အရှေ့ဘက်အီကွေတာရပ်ဝန်း ပစိဖိတ်သမုဒ္ဒရာက ရေမျက်နှာပြင်ဟာ ၂၀၁၅-၂၀၁၆ အယ်လ်နီညိုကာလထက် ပိုမိုပူနွေး ကျယ်ပြန့်လာနေတာဟာ အမေဇုန်ဒေသ မြောက်ပိုင်းမှာ မိုးခေါင်ခြင်းဆီကို ဦးတည်စေတယ်လို့  ဘရာဇီးသုတေသနအဖွဲ့ဖြစ်တဲ့   Brazilian National Institute of Amazonian Research မှ အမေရိကန် သုတေသီ ဖိလစ်ဖရန်ဆိုက်ဒ်က ပြောဆိုခဲ့ပြီး  ရာသီဥတုဖောက်ပြန်မှုနဲ့အတူ အလားတူဖြစ်ရပ်ဟာ အကြိမ်ရေနဲ့ ပြင်းထန်မှု တိုးမြင့်လာသလို အနာဂတ်မှာ အခြေအနေဆိုးရွားလာမယ်လို့ ခန့်မှန်းထားပါတယ်။

နောက်ပြီး မန်နောင့်စ်မြို့နဲ့ အနီးပတ်ဝန်းကျင် ဒေသက လူတွေကြောင့်လည်း သစ်တောပြုန်းတီးစေတာ၊ စားကျက်တွေ ခုတ်ထွင်ရှင်းလင်းတာတွေကြောင့်လည်း အခုလိုအဖြစ်မျိုးနဲ့ ကြုံရတယ်လို့ ဆိုပါတယ်။

မကြာသေးမီက လေ့လာမှုတွေအရ ရာသီဥတုပြောင်းလဲမှု၊ သစ်တောပြုန်းတီးမှုနဲ့ မီးလောင်ကျွမ်းမှုဟာ အမေဇုန်အတွက် ပြင်းထန်တဲ့ မိုးခေါင်မှုက ပြန်လည်ကောင်းမွန်လာစေဖို့ ပိုမိုခက်ခဲစေခဲ့ပါပြီ။

အခုအခါကစလို့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ သစ်တောပြုန်းတီးမှုတို့ကြောင့် မိုးခေါင်မှုဟာ ပိုမိုဆိုးရွားလာဖွယ်ရှိကာ လူသန်းပေါင်းများစွာအတွက် လေထုကို အန္တရာယ် ဖြစ်စေတဲ့ တောမီးတွေ ဖြစ်ပေါ်စေပြီး အဓိက မြစ်ကြီး‌တွေကို စံချိန်တင် ခြောက်သွေ့စေတော့မှာဖြစ်ပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013