DVB Logo
Home
နိုင်ငံတကာ
တကျော့ပြန်စစ်ပွဲနဲ့ နာဂေါနို-ခါရာဘက်ခ်က မြေစာပင်များ (Photo Essay)
DVB
·
October 7, 2023
တကျော့ပြန်စစ်ပွဲနဲ့ နာဂေါနို-ခါရာဘက်ခ်က မြေစာပင်များ (Photo Essay)
1 / 16
Donate to DVB

အခုနှစ် စက်တင်ဘာလလယ်လောက်ကစလို့  ကော့ကေးဆပ်တောင်ပိုင်းဒေသ နာဂေါ်နိုခါရာဘတ်ခတ် ဒေသမှာ အဇာဘိုင်ဂျန်တပ်တွေနဲ့ အာမေးနီးယားတပ်တွေ တကျော့ပြန် တိုက်ပွဲဖြစ်လာပါတယ်။

အဇာဘိုင်ဂျန်နယ်မြေအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ခါရာဘက်ခ် တောင်တန်းဒေသမှာ အာမေးနီးယန်းတပ်ဖွဲ့တွေနဲ့ ပိုင်းခြားထားတဲ့ နယ်နိမိတ်မျဉ်း လမ်းကြောင်းကို ဖြတ်ကျော်ပြီး စစ်ဆင်ရေးစခဲ့တာပါ။

အဇာဘိုင်ဂျန်က အာမေးနီးယား တိုင်းရင်းသားတွေ ထိန်းချုပ်ရာဒေသကို တိုက်ခိုက်နေချိန် နောက်ကွယ်မှာ အာမေးနီးယားနိုင်ငံအတွင်း အာဏာသိမ်းဖို့ နေရာစုံကနေ ဆော်ဩတာတွေ လုပ်ခဲ့ကြတယ်လို့ အာမေးနီးယား ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

အဇာဘိုင်ဂျန်ခွဲထွက်ဒေသမှာ စစ်ဆင်ရေးမစတင်မီ ရက်ပိုင်းအလိုမှာ ခါရာဘတ်ခ်ဒေသနဲ့ ပတ်သက်တဲ့ အရေးပေါ် ဆွေးနွေးပွဲအတွက် အမေရိကန်နဲ့ အီးယူက ထိပ်တန်းအရာရှိတွေဟာ တူရကီနိုင်ငံမှာ ရုရှားအရာရှိတွေနဲ့ တွေ့ခဲ့တယ်လို့ နိုင်ငံရေးသတင်းတွေကို အသားပေးတင်ပြတဲ့ ပေါ်လစ်တစ်ကို သတင်းဌာနက အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

နာဂေါနို-ကရာဘာ ဒေသကနေ အာမေးနီးယားကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ လူပေါင်း ၈၈,၀၀၀ ကျော်ရှိခဲ့ပြီး စုစုပေါင်း ၁၂၀၀၀၀ လောက်ထိ ရှိလာနိုင်တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များ အေဂျင်စီက စက်တင်ဘာလ ကုန်လောက်က ခန့်မှန်းခဲ့ပါတယ်။ 

ဒုက္ခသည်တွေအတွက် စိတ်ကျန်းမာရေး ပံ့ပိုးမှု ကြီးကြီးမားမား လိုအပ်နေကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီနဲ့ လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း ကိုယ်စားလှယ် ဟိုင်ချမ် ဒိုက်ယဘ်က ပြောဆိုပါတယ်။ 

မှတ်ပုံတင်ဌာနတွေမှာ မောပန်းပြီး ထိတ်လန့်နေတဲ့ လူအုပ်ကြီး စုဝေးနေကြတယ်လို့ အာမေးနီးယားရှိ UNHCR ကိုယ်စားလှယ် ကာဗီတာ ဘယ်လာနီက  ကုလသမဂ္ဂက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

ဒုက္ခသည် ၃ ပုံ ၁ ပုံ နီးပါးဟာ ကလေးသူငယ်တွေ ဖြစ်ကြကြောင်း ယူနီဆက်ဖ်မှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ရီဂျီနာ ဒီ ဒေါမနစ်က ပြောပါတယ်။ 

ကော့ကေးဆပ်တောင်ပိုင်းဒေသမှာ တတိယမြောက် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို  ချိုးဖောက်ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလတွေကလည်း နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ 

နှစ်ပေါင်း ၃၀ ကျော်အတွင်း အဆိုးဆုံးတိုက်ပွဲတွေမှာ အာမေးနီးယားဘက်က ရုရှားနဲ့ အဇာဘိုင်ဂျန်ဘက်က တူရကီပါ ပါဝင်လာပြီး ပိုကျယ်ပြန့်တဲ့ စစ်ပွဲတွေ ဖြစ်လာမှာကို အဲဒီအချိန်ထဲက ဒေသခံတွေ စိုးရိမ်မှု တိုးခဲ့ရပါတယ်။ 

ဒီဒေသထဲမှာ ၁၉၉၁-၁၉၉၄ စစ်ပွဲအတွင်း လူ ၃ သောင်းကျော် သေဆုံးခဲ့ဖူးပါတယ်။ အာမေးနီးယား တိုင်းရင်းသားတွေ နေထိုင်ထိန်းချုပ်ထားတဲ့ နာဂေါ်နို ခါရာဘတ်ဒေသကို အာမေးနီးယားတွေက ဆက်ထိန်းချုပ်ဖို့ အဆိုပြုချက်ကို အဇာဘိုင်ဂျန်က ပယ်ချထားသလို အဇာဘိုင်ဂျန်က တရားမဝင် သိမ်းပိုက်ထားတယ်လို့လည်း အာမေးနီးယားကလည်း မှတ်ယူထားပြီး ဒီဒေသဟာ သူတို့ရဲ့ သမိုင်းဝင် အမိမြေဖြစ်ပြီး ဒေသခံတွေဟာ အာမေးနီးယားအစိုးရရဲ့ အကာအကွယ်ကို လိုအပ်တယ်လို့ ပြောပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013