DVB Logo
Home
မြန်မာသတင်း
အသင်းမဝင်သည့်ကားများကို လိုင်စင်သက်တမ်းတိုးမပေးတော့ဟု ဆို
DVB
·
October 21, 2023
အသင်းမဝင်သည့်ကားများကို လိုင်စင်သက်တမ်းတိုးမပေးတော့ဟု ဆို
Donate to DVB

၉ တန်နဲ့အထက် ကုန်ကားတွေဟာ ကုန်စည်ပို့ဆောင်ရေးအသင်းတခုခုကို မဝင်ထားဘူးဆိုရင် လိုင်စင်လျှောက်တာ၊ သက်တမ်းတိုးတာတွေ မလုပ်ပေးတော့ဘူးလို့ သိရပါတယ်။

အဝေးပြေးကုန်စည်ပို့ဆောင်ရေးကို E-lock စနစ် ကျင့်သုံးနိုင်ရေးအတွက် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနက အကောင်အထည်ဖော်နေတာကြောင့် ၉ တန်နဲ့ အထက် ကုန်တင်ယာဉ်တွေအနေနဲ့ အသင်းတခုခုမှာဝင်ထားကြဖို့ အသိပေး ကြေညာနေကြပါတယ်။

မြန်မာနိုင်ငံ၊ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတယောက်က "အဓိက ကတော့ အသင်းမဝင်ထားတဲ့ ကုန်တင်ယာဉ်တွေကို ကုန်စည်သယ်ယူပို့ဆောင်တဲ့လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် အသစ်လျှောက်တာတွေနဲ့ သက်တမ်းတိုးတာတွေကို မလုပ်ပေးတော့ဘူး။ လောလောဆယ်တော့ E-lock စနစ် အတွက် အသင်းဝင်တွေကို Digital နည်းနဲ့ အသင်းဝင်နိုင်ဖို့ စီစဥ်ပေးထားပါတယ်။ နောက်ပိုင်းကျရင် QR ကုဒ်နဲ့ အသင်းဝင်နိုင်ဖို့ဆောင်ရွက်ပေးသွားမှာပါ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဟာ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်း၊ ကရင်၊ ကချင်၊ ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)တို့မှာ အသင်းခွဲ ၈ သင်းရှိတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ အဝေးပြေးကုန်စည်ပို့ဆောင်ရေးမှာ E-Lock စနစ်ကို မကျင့်သုံးခင် ကုန်တင်လွှာ ယာဉ်ပါ/ ကုန်ပါစာရင်းချုပ်နဲ့ ကုန်သွယ်မှု လမ်းကြောင်း တလျှောက် စိစစ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကုန်စည်ပို့ဆောင်ရေးအသင်းတွေကတော့ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်းနဲ့ မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းတို့ဖြစ်ပြီး အသင်းတခုခုမှာ မှတ်ပုံတင် အသင်းဝင်နိုင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013