DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက နှစ်လယ် ကျောက်မျက်ရတနာပြပွဲ ပြုလုပ်ပြီး ကျောက်စိမ်းအတွဲ ၄,၀၀၀ ကျော် ရောင်းချ
DVB
·
October 20, 2023
စစ်ကောင်စီက နှစ်လယ် ကျောက်မျက်ရတနာပြပွဲ ပြုလုပ်ပြီး ကျောက်စိမ်းအတွဲ ၄,၀၀၀ ကျော် ရောင်းချ
1 / 4
Donate to DVB

နိုင်ငံခြားငွေရဖို့ ရည်ရွယ်တဲ့ ၂၀၂၃ ခုနှစ် နှစ်လယ် ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမမှာ ပြုလုပ်နေပြီး အောက်တိုဘာ ၂၀ ရက်ကနေ ၂၈ ရက်အထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒီပြပွဲကို စစ်ကောင်စီဥက္ကဋ္ဌ တက်ရောက်ခဲ့ပြီး လုံခြုံရေး အထူးတင်းကျပ်ထားတယ်လို့ ပြပွဲတက်ရောက်သူတွေက ပြောပါတယ်။

အရင်က ယူရိုနဲ့ ရောင်းဝယ်ခွင့်ပြုရာကနေ ဒီပြပွဲမှာ အမေရိကန်ဒေါ်လာနဲ့ ရောင်းဝယ်ရမှာ ဖြစ်သလို အာမခံစပေါ်ငွေ ပေးတာမှာလည်း အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနဲ့ ညီမျှတဲ့ ယူရို၊ ယွမ်၊ ဘတ်ငွေတွေနဲ့ ပေးသွင်းနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီပြပွဲမှာ ပြည်တွင်းက MSME လုပ်ငန်းတွေအတွက် အဆင့်နိမ့် အသားကျောက်ဖြစ်တဲ့ ကျောက်စိမ်းအတွဲတွေကိုလည်း ပြည်တွင်းကုန်သည်တွေအတွက် မြန်မာကျပ်ငွေနဲ့ ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

ပုလဲအတွဲပေါင်း ၃၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀၊ ကျောက်စိမ်းအတွဲ ၄,၀၂၅ တွဲကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

ကုန်သည်တွေအနေနဲ့ ကျောက်အတွဲအမျိုးအစားအလိုက် အနည်းဆုံးပေးသွင်းရမယ့် အာမခံစပေါ်ငွေနှုန်းနဲ့ ဝယ်ယူခွင့်ပြုမယ့် ကျောက်အတွဲတန်ဖိုးတွေမှာ ကျောက်မျက် အာမခံစပေါ်ငွေ အမေရိကန်ဒေါ်လာ ၂,၀၀၀ (ဝယ်ယူခွင့်ပြုမယ့်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀,၀၀၀)၊ ကျောက်စိမ်းအုပ်စု A အနေနဲ့ အာမခံစပေါ်ငွေ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ (ဝယ်ယူခွင့်ပြုမယ့်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀)၊ ကျောက်စိမ်းအုပ်စု B အနေနဲ့ အာမခံစပေါ်ငွေ အမေရိကန်ဒေါ်လာ ၂၀,၀၀၀ (ဝယ်ယူခွင့်ပြုမယ့်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀)၊ ကျောက်စိမ်းအုပ်စု C အနေနဲ့ အာမခံစပေါ်ငွေ ကျပ် ၅,၀၀၀,၀၀၀ (ဝယ်ယူခွင့်ပြုမယ့် တန်ဖိုး ကျပ် ၅၀,၀၀၀,၀၀၀) ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကျောက်မျက်ရတနာပြပွဲတွေကို ၁၉၆၄ ခုနှစ်က စတင်ခဲ့တာမှာ နိုင်ငံခြားငွေနဲ့ ရောင်းချခဲ့တဲ့ ပြပွဲ ၉၉ ပွဲ ရှိပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013