DVB Logo
Home
မြန်မာသတင်း
နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၂,၁၅၀ ကို ရောင်းချမည်
DVB
·
October 20, 2022
နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၂,၁၅၀ ကို ရောင်းချမည်
1 / 3
Donate to DVB

၂၀၂၂ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်မှာ အောက်တိုဘာ ၁၉ ရက်ကနေ ၂၅ ရက်အထိ ကျင်းပနေရာမှာ ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နဲ့ ကျောက်စိမ်းအတွဲပေါင်း ၂,၁၅၀ ကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချသွားဖို့ရှိနေပါတယ်။

အောက်တိုဘာ ၁၉ ရက် ကျောက်မျက်ရတနာ ဖွင့်ပွဲနေ့မှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ သူ့ရဲ့အဖွဲ့ဝင်တွေ၊ ရုရှားသံရုံးက တာဝန်ရှိသူတွေ၊ ရုရှားစီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ပါတယ်။

ပြပွဲကို တက်ရောက်သူတယောက်က “ဖွင့်ပွဲနေ့တုန်းက မင်းအောင်လှိုင်လာတာဆိုတော့ လုံခြုံရေးအင်အားကို တော်တော်လေး တင်းတင်းကျပ်ကျပ်ချထားတယ်။ ဖုန်းနဲ့တောင် ဓာတ်ပုံရိုက်လို့မရဘူး။ ဓာတ်ပုံရိုက်တာမြင်ရင် လုံခြုံရေးတွေက ချက်ချင်းလာဖျက်ခိုင်းတာ” လို့  ပြောပါတယ်။

ဒီပြပွဲမှာ ပုလဲအတွဲတွေအတွက် ကြမ်းခင်းစျေးကို အမေရိကန်ဒေါ်လာ၊ ကျောက်မျက်၊ ကျောက်စိမ်းအတွဲတွေအတွက် ကြမ်းခင်းစျေးကို ယူရိုတို့နဲ့ သတ်မှတ်ထားပြီး ပြည်ပကုန်သည်တွေအနေနဲ့ အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်၊ ထိုင်းဘတ်ငွေတို့နဲ့ ပေးချေရမှာဖြစ်ပြီး ပြည်တွင်းကုန်သည်တွေ အနေနဲ့ကတော့ ကျပ်ငွေနဲ့ ပေးချေရမှာဖြစ်တယ်လို့ သိရပါတယ်။

ပြပွဲကိုလာရောက်တဲ့ ကုန်သည်တယောက်က “တရုတ်ကုန်သည် ၂၀၀ လောက်နဲ့ မန္တလေးက ပြည်တွင်းကုန်သည် ၃,၀၀၀ လောက်လာတယ်။ မန္တလေးစျေးကွက်ထဲမှာ ကျောက်က ရှားနေတော့ ဒီပွဲကို တော်တော်လာကြတာ” လို့ ပြောပါတယ်။

ပုလဲအတွဲတွေအတွက် အနိမ့်ဆုံးအခြေခံစျေးမှာ အမေရိကန်ဒေါ်လာ ၁,၀၀ဝ ဖြစ်ပြီး ကျောက်မျက်အတွဲတွေအတွက် အနိမ့်ဆုံး အခြေခံစျေး ယူရို ၅၀၀၊ ကျောက်စိမ်းအချောထည်အတွဲတွေအတွက် အနိမ့်ဆုံးအခြေခံစျေး ယူရို ၁,၀၀၀၊ ကျောက်စိမ်း အရိုင်းတွဲတွေအတွက် အနိမ့်ဆုံးအခြေခံစျေး ယူရို ၅,၀၀ဝ ဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013