DVB Logo
Home
နိုင်ငံတကာ
ဗင်နီဇွဲလားရေနံကဏ္ဍအပေါ်  ပိတ်ဆို့အရေးယူမှု အမေရိကန် ဖြေလျှော့ပေး 
DVB
·
October 20, 2023
ဗင်နီဇွဲလားရေနံကဏ္ဍအပေါ်  ပိတ်ဆို့အရေးယူမှု အမေရိကန် ဖြေလျှော့ပေး 
Donate to DVB

ဗင်နီဇွဲလားနိုင်ငံရဲ့ ၂၀၂၄ ရွေးကောက်ပွဲအတွက် အစိုးရနဲ့ အတိုက်အခံပါတီတွေအကြား သဘောတူညီမှုရရှိခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ဗင်နီဇွဲလားရဲ့ ရေနံကဏ္ဍအပေါ် ပိတ်ဆို့အရေးယူမှုတွေကို အမေရိကန်အစိုးရက အောက်တိုဘာ ၁၈ ရက်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြေလျှော့ပေးခဲ့ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဌာနက ထုတ်ပေးတဲ့ အထွေထွေလိုင်စင်အသစ်ဟာ ၂၀၁၉ ခုနှစ်ကတည်းက ပိတ်ဆို့အရေးယူမှုတွေအောက်မှာ ရှိနေတဲ့ OPEC အဖွဲ့ဝင် ဗင်နီဇွဲလားကို လာမယ့် ၆ လအတွင်း သူရွေးချယ်ထားတဲ့ ဈေးကွက်တွေ ဆီကို ရေနံထုတ်လုပ်ခြင်းနဲ့ တင်ပို့ခြင်းကို အကန့်အသတ် မရှိ ခွင့်ပြုထားပါတယ်။

ဒါဟာ ကရာကာ့စ်အပေါ် သမ္မတဟောင်း ထရမ့်ပ်လက်ထက်က ကန့်သတ်ချက်တွေ အပေါ် အကျယ်ပြန့်ဆုံး လျှော့ချပေးမှုလည်း ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်မှာ ကျင်းပဖို့ရှိတဲ့  ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာမခံချက်တွေအပေါ် သမ္မတ နီကိုလပ်စ် မာဒူရိုရဲ့ အစိုးရနဲ့ အတိုက်အခံတွေဟာ အောက်တိုဘာ ၁၇ ရက်မှာ သဘောတူညီချက်တခု ရရှိခဲ့တာပါ။

ရွေးကောက်ပွဲ မဲရလဒ်ကိုလည်း နိုင်ငံတကာက စောင့်ကြည့်နေမှာဖြစ်ပါတယ်။ ဒါပေမဲ့ ပြည့်သူ့အစိုးရအဖွဲ့ဝင် ရာထူးတွေကနေ တားမြစ်ခံထားရတဲ့ အတိုက်အခံ ကိုယ်စားလှယ်လောင်းတွေကို ပြန်လည်ခန့်အပ်ဖို့အတွက် မာဒူရိုက သဘောတူညီပေးရမယ် ဆိုတဲ့အချက်ကြောင့် သဘောတူညီချက်က ခဏတာလောက် ရပ်တန့်သွားခဲ့ပါသေးတယ်။

 Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013