DVB Logo
Home
မြန်မာသတင်း
အလုပ်သမားများ၏ အချိန်ပိုကြေးကို ၅,၈၀၀ ကျပ်နှုန်းဖြင့် တွက်ပေးရန် စစ်ကောင်စီ ညွှန်ကြား
DVB
·
October 17, 2023
အလုပ်သမားများ၏ အချိန်ပိုကြေးကို ၅,၈၀၀ ကျပ်နှုန်းဖြင့် တွက်ပေးရန် စစ်ကောင်စီ ညွှန်ကြား
Donate to DVB

စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေရဲ့ အချိန်ပိုကြေးကို အနည်းဆုံးအခကြေးငွေ နှုန်းထားအသစ်ဖြစ်တဲ့ ၅,၈၀၀ ကျပ်နဲ့တွက်ပြီး ရှင်းရမယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီး ဦးမြင်နောင်က ညွှန်ကြားထားတယ်လို့ အလုပ်ရှင်တချို့ဆီက သိရပါတယ်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက အလုပ်သမား ၁၀ ဦးအထက်ရှိတဲ့ လုပ်ငန်းတွေအနေနဲ့ ထောက်ပံ့ကြေး ကျပ် ၁,၀၀၀ တိုးပေးရမှာဖြစ်ပြီး အဲဒီထောက်ပံ့ကြေး အပါအဝင် အနည်းဆုံးအခကြေးငွေမှာ ၅,၈၀၀ ကျပ်ဖြစ်တယ်ဆိုပြီး အောက်တိုဘာ ၅ ရက်မှာ အမိန့်စာထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အချိန်ပိုကြေးကို ဘယ်လိုတွက်ရမယ်ဆိုတာ ရှင်းလင်းမှုမရှိတာကြောင့် အောက်တိုဘာ ၁၃ ရက်က စစ်ကောင်စီ အလုပ်သမားဝန်ကြီးနဲ့ အထည်ချုပ်လုပ်ငန်းရှင်တွေ တွေ့ဆုံစဥ် မေးမြန်းအတည်ပြုချက် ယူခဲ့တာလို့ လုပ်ငန်းရှင်တဦးက ဆိုပါတယ်။

“၅,၈၀၀ နဲ့တွက်ပြီး ပေးရမယ်လို့တော့ သိရတယ်။ လုပ်ငန်းတွေအားလုံး သိရှိနားလည်အောင် ထုတ်ပြန်ပေးရမှာတွေရှိတယ်” လို့ သူကပြောပါတယ်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီရဲ့ အမိန့်စာမှာ တိုးမြှင့်လိုက်တဲ့ ကျပ် ၁,၀၀၀ ကို ထောက်ပံ့ကြေးလို့ သုံးထားတာကြောင့် အချိန်ပိုကြေး တွက်ချက်ရမယ့်ကိစ္စ ရှုပ်ထွေးမှုရှိခဲ့တာလို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

ရွှေပြည်သာမြို့နယ်မှ အထည်ချုပ်အလုပ်သမား ခေါင်းဆောင်တဦးက “အခုထိ တရားဝင်ညွှန်ကြားစာထွက်တာ မတွေ့သေးလို့ စိတ်တော့ မချရသေးဘူး။ ရှင်းရှင်းလင်းလင်း​ဖြစ်​အောင် စာထုတ်ပေးဖို့လိုမယ်” လို့ ပြောပါတယ်။

အလုပ်သမားတွေအတွက် အနည်းဆုံးအခကြေးငွေနှုန်းထားက ၂၀၁၈ ​မေလက တရက် ၄,၈၀၀ ကျပ် သတ်မှတ်ခဲ့ပြီး ငါးနှစ်ကျော်အကြာမှ ထောက်ပံ့ကြေး ကျပ် ၁,၀၀၀ တိုးပြီး ၅,၈၀၀ ကျပ် ပြောင်းလဲသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

အလုပ်သမားတွေကတော့ တရက်လုပ်ခ ကျပ် ၁၀,၀၀၀ ရရှိရေး တောင်းဆိုထားကြတာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013