
အင်္ဂလန်အသင်းအနေနဲ့ ဆုဖလားအောင်မြင်မူရဖို့ အချိန်ကောင်းရောက်နေပြီဖြစ်ကြောင်း တောင်ပံတိုက်စစ်မှူး ဂျက်ဂရေးလစ်ရှ်က ပြောသွားပါတယ်။
အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဒုတိယရယူနိုင်ခဲ့ပေမဲ့ ၁၉၆၆ ခုနှစ်မှာ ကမ္ဘာ့ချန်ပီယံဖြစ်ပြီးနောက်ပိုင်း ဆုဖလားအောင်မြင်မှုတွေနဲ့ ဝေးကွာနေတာပါ။
လက်ရှိအခြေအနေအရပ်အရပ် အရကတော့ ဆုဖလားအောင်မြင်မှုရယူဖို့ ပြီးပြည့်စုံတဲ့ အချိန် ကောင်းရောက်နေပြီး အတူတကွ ကြိုးပမ်းကြဖို့သာ လိုအပ်ကြောင်း ဂရေးလစ်ရှ်က ပြောပါတယ်။
ဂရေးလစ်ရှ်က“ဒီအချိန်ကာလဟာ အောင်မြင်မှုတွေကို အတူတကွရယူဖို့ ပြီးပြည့်စုံတဲ့အချိန်ရောက်ပြီလို့ ကျနော်တို့ ခံစားရပါတယ်။ ကျနော်တို့မှာရှိတဲ့ အရည်အသွေးကိုကြည့်လိုက်ပါ။ ဟယ်ရီကိန်း၊ ဘယ်လင်ဂမ်၊ ဘူကာရိုဆာကာ၊ ဖီးလ်ဖိုဒမ်၊ မားကပ်ရှ်ရက်ဖို့ဒ်၊ ဒက်ကလန်ရိုက်စ်တို့လို ကစားသမား တွေရှိနေတယ်။ အားလုံးက မယုံကြည်နိုင်စရာကောင်းပြီး အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ကိုင်ဝေါ်ကာလို ခံစစ်မှူးလည်း ရှိပါတယ်”လို့ ပြောပါတယ်။
အင်္ဂလန်အသင်းသားတွေအနေနဲ့ တချိန်တုန်းက မျိုးဆက်တွေလို ကလပ်အသင်းချင်း မတူညီမှု ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေလည်း မရှိကြောင်းဂရေးလစ်ရှ်က ပြောသွားပါတယ်။
Photo-Reuters











