DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက်ကုန်တိုက်ပစ်ခတ်မှုတွင် ထိုင်းအမျိုးသမီး ၁ ဦး ထပ်မံသေဆုံး 
DVB
·
October 16, 2023
ဘန်ကောက်ကုန်တိုက်ပစ်ခတ်မှုတွင် ထိုင်းအမျိုးသမီး ၁ ဦး ထပ်မံသေဆုံး 
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Siam Paragon (ဆယမ်ပါရာဂွန်) ကုန်တိုက်မှာ ပြီးခဲ့တဲ့အောက်တိုဘာ ၃ ရက်က ၁၄ နှစ်ရွယ်ထိုင်းလူငယ် ၁ ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့  ၂ ဦးသေဆုံး ၅ ဦးဒဏ်ရာရခဲ့တာမှာ  ဒဏ်ရာ ရသူထဲက နောက်ထပ် ၁ ဦးသေဆုံးသွားခဲ့ပါတယ်။ 

အသက် ၃၀ နှစ်အရွယ် နုန်နိန်ဖင်းဖိဝမ်ဆိုသူ ထိုင်းအမျိုးသမီးမှာ အဆိုပါကုန်တိုက်ထဲမှာ အလုပ် လုပ် နေတာဖြစ်ပြီး အခင်းဖြစ်တဲ့နေ့က ရေအိမ်လာတက်စဉ် သေနတ်ပစ်ခံခဲ့ရတာပါ။ 

သူမှာဟာ ဦးခေါင်းမှာ ၂ ချက် ၊ နံရိုးမှာ ၂ ချက် စုစုပေါင်း ၄ ချက်ထိမှန်ခဲ့ပြီး အခင်းဖြစ် တဲ့နေ့ကတည်းက သတိမေ့မျောနေတာမှာ ပြီးခဲ့တဲ့ သောကြာနေ့ ( အောက်တိုဘာ ၁၃ ရက် ) ဆယ်ရက်မြောက်တဲ့နေ့မှာ ဆုံးပါးသွားတာဖြစ်ပါတယ်။ 

နုန်နိန်ဟာ အရင်က သားအိမ်ခေါင်းကင်ဆာဖြစ်ဖူးပြီး ဆေးကုသမှုခံယူကာ ပျောက်ကင်းသွားလို့ ပုံမှန်အလုပ်လုပ်နေတာပါ။  သူသေဆုံးသွားတဲ့အခါ ‌ဆေးရုံမှာလိုအပ်သလိုအသုံးပြုဖို့ ကြက်ခြေနီ အဖွဲ့နဲ့ ကျူလာလောင်ကွန်ဆေးရုံကို ခန္ဓာကိုယ်လှူဒါန်းထားခဲ့ပါတယ်။ 

ဒါပေမဲ့ သူသေနတ်ထိမှန်ထားတဲ့နေရာတွေဟာ ချက်ကောင်းတွေဖြစ်တဲ့အတွက် ဆေးရုံက ဆက်ပြီးအသုံးပြုလို့မရတော့ဘူးလို့ ဆိုပါတယ်။ 

သူ့ရဲ့ အသုဘအခမ်းအနားကို နွန်ထပူရီခရိုင် ဘန်ဘိုထောင်းမြို့နယ် ဝပ်ဘန်းဖိုင်ကျောင်းတိုက် မှာထားရှိပြီး ပထမညမှာပဲ ၁၄ နှစ်သား သေနတ်သမားရဲ့ဖခင်ဖြစ်သူရောက်လာကာ နုန်နိန်ရဲ့ မိခင်အား ခြေစုံဖက်တောင်းပန်ပြီး ကနေဦးနစ်နာကြေးတချို့ပေးအပ်ခဲ့သလို နောက်ထပ်လည်း အတတ်နိုင်ဆုံးထောက်ပံ့ကူညီပေးသွားမယ်လို့ ပြောပါတယ်။

နုန်နိန်ဟာ အသက် ၇၂ ရွယ်မိ ခင်အိုကို လုပ်ကျွေးနေတဲ့ တစ်ဦးတည်းသောသမီးဖြစ်ပါတယ်။ သူ့မိခင်ဟာ အစပိုင်းမှာတော့ ကိုယ့်သားကိုယ်ကောင်းကောင်းမထိန်းနိုင်တဲ့ ၁၄ နှစ်သား မိဘတွေကို စိတ်ဆိုးကြောင်း၊ သူ့ ဖခင်က လာပြီးတောင်းပန်တော့လည်း ပြန်သနားသွားပြီး ခွင့်လွှတ်တဲ့အကြောင်းနဲ့ ဘယ်မိဘကမှ ကိုယ့်သားသမီးကို ရာနှုန်းပြည့်မထိန်းကျောင်းနိုင်ဘူးလို့ ပြောသွားပါတယ်။

ဆယာမ်ပါရာဂွန်ကုန်တိုက် အပစ်ခံရမှုမှာ သေဆုံးခဲ့ရသူ ၁ ဦးလျှင်  ထိုင်းတရားရေးဝန်ကြီးဌာနက ဘတ် ၂ သိန်း ၊ ဆယမ်ပါရာကွန်ကုန်တိုက်က ဘတ် ၅ သန်း ၊ ထိုင်းခရီးသွားဝန်ကြီးဌာက ဘတ် ၁ သန်းပေးအပ်သွားမှာဖြစ်တာကြောင့် နစ်နာကြေးစုစုပေါင်း ဘတ် ၆ သန်း ၂ သိန်းရရမှာ ဖြစ်ပါတယ်။

သေနတ်သမားရဲ့ မိဘတွေဟာလည်း သေဆုံးဒဏ်ရာရသူ စုစုပေါင်း ၈ ဦးရဲ့ သက်ဆိုင်ရာ ဆွေမျိုးသားချင်းတွေကို လိုက်လံဦးချတောင်းပန်ကာ လျော်ကြေးငွေတွေ ကျေနပ်တဲ့အထိ ပေးမယ့် အကြောင်း ပြောခဲ့ပါတယ်။

ဒီပစ်ခတ်မှုမှာ မြန်မာအလုပ်သမား အမျိုးသမီး ၁ ဦး ၊ တရုတ်အမျိုးသမီး ၁ ဦး၊ ထိုင်းအမျိုးသမီး ၁ ဦးသေဆုံးပြီး  ဒဏ်ရာနဲ့ ဆေးရုံတက်ကုနေရသူ ၄ ဦးရှိပါတယ်။

ပစ်ခတ်မှုနောက်ပိုင်း အောက်တိုဘာ ၈ ရက် စာရင်းအရ ထိုင်းရဲ့ နိုင်ငံခြားခရီးသွားဧည့်သည် ၄၉၇၉၆၆ ဦးကနေ ၅၄၄၅၃ ဦးထိ  ၉ ဒသမ ၈၆ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

ကိုးကား = https://mgronline.com/onlinesection/detail/9660000092438

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013