DVB Logo
Home
အားကစား
စပိန်နှင့် စကော့တလန်တို့ ယူရို ၂၀၂၄ ခြေစစ်ပွဲအောင်မြင်
DVB
·
October 16, 2023
စပိန်နှင့် စကော့တလန်တို့ ယူရို ၂၀၂၄ ခြေစစ်ပွဲအောင်မြင်
1 / 6
Donate to DVB

ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်တွေကို အောက်တိုဘာ ၁၅ ရက် မနေ့ညက ယှဉ်ပြိုင်ခဲ့ရာ စပိန်က အဝေးကွင်းမှာ နော်ဝေကို ဂါဗီသွင်းယူခဲ့တဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရပြီး ယူရို ၂၀၂၄ ခြေစစ်ပွဲ အောင်မြင်သွားပါတယ်။

စပိန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု အေမှာ စကော့တလန်၊ နော်ဝေ၊ ဂျော်ဂျီယာ၊ ဆိုက်ပရပ်စ်တို့နဲ့ အတူ ကျရောက်ခဲ့တာပါ။

လက်ရှိ ခြေစစ်ပွဲကန်ဖို့ နှစ်ပွဲ ကျန်နေသေးပေမဲ့ စပိန်အသင်းဟာ ရမှတ် ၁၅ မှတ်နဲ့ အုပ်စု ထိပ်ဆုံးမှာ ရပ်တည်နေပြီး အုပ်စု တတိယနေရာက လက်ကျန်တပွဲပဲ ကစားဖို့ကျန်‌တော့တဲ့ နော်ဝေအသင်းကို ၅ မှတ်အထိ ဖြတ်ထားနိုင်တာကြောင့် တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအုပ်စုမှာ စကော့တလန်အသင်းကလည်း ၆ ပွဲကစားထားပြီး ရမှတ် ၁၅ မှတ်နဲ့ စပိန်အသင်းနဲ့ ရမှတ်တူပေမဲ့ ဂိုးကွာခြားချက်ကြောင့် ဒုတိယနေရာမှာ ရပ်တည်နေပေမဲ့ စပိန်အသင်းနဲ့အတူ ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။

ကျန်အသင်းတွေဖြစ်တဲ့ နော်ဝေက လက်ကျန်တပွဲကစားဖို့ ကျန်ပြီး ရမှတ် ၁၀ မှတ်နဲ့ အုပ်စု တတိယ၊ ဂျော်ဂျီယာက နှစ်ပွဲကစားဖို့ကျန်ပြီး ရမှတ် ၇ မှတ်နဲ့ စတုတ္ထ၊ ဆိုက်ပရပ်စ်က အမှတ်မရဘဲ အုပ်စုအောက်ဆုံးမှာ ရပ်တည်နေပါတယ်။

ကျန်နာမည်ကြီးအသင်းတွေထဲက ပေါ်တူဂီနဲ့ ဘယ်လ်ဂျီယံတို့လည်း အုပ်စုပွဲစဉ်တွေ ယှဉ်ပြိုင်ဖို့ ကျန်နေသေးပေမဲ့ ခြေစစ်ပွဲအောင်မြင်ထားပြီး ပြင်သစ်၊ အင်္ဂလန်၊ အီတလီတို့ကတော့ အုပ်စုတွင်း ထိပ်ပိုင်းမှာ ရပ်တည်နိုင်ကြပေမဲ့ အမှတ်မဖြတ်နိုင်သေးတာကြောင့် ခြေစစ်ပွဲ အောင်မြင်နိုင်ရေး လက်ကျန်ပွဲစဉ်တွေကို ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ယူရို ၂၀၂၄ နောက်ဆုံးပွဲစဉ်တွေကို ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လာမယ့်နှစ် ဇွန်လ ၁၄ ရက်ကနေ ဇူလိုင်လ ၁၄ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013