DVB Logo
Home
အားကစား
၂၀၃၆ အိုလံပစ်ပြိုင်ပွဲကို  အိန္ဒိယက အိမ်ရှင်အဖြစ်လက်ခံကျင်းပလို
DVB
·
October 16, 2023
၂၀၃၆ အိုလံပစ်ပြိုင်ပွဲကို  အိန္ဒိယက အိမ်ရှင်အဖြစ်လက်ခံကျင်းပလို
Donate to DVB

အိန္ဒိယနိုင်ငံဟာ ၂၀၃၆ အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရဖို့ စိတ်ဝင်စားနေတယ်လို့ ဝန်ကြီးချုပ် နန်ရင်ဒရာမိုဒီက အောက်တိုဘာလ ၁၄ ရက် မွန်ဘိုင်းမှာ ပြုလုပ်တဲ့ နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ ပြောပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ အိုလံပစ်ပြိုင်ပွဲကို ဘယ်တုန်းကမှ လက်ခံကျင်းပတာမျိုး မရှိခဲ့ပေမဲ့ ၂၀၁၀ ခုနှစ်မှာတုန်းက ဓနသဟာယနိုင်ငံများ အားကစားပြိုင်ပွဲကို ဒေလီမှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ဖူးပါတယ်။

ဝန်ကြီးချုပ် မိုဒီက "အိန္ဒိယနိုင်ငံဟာ ၂၀၃၆ ခုနှစ်အိုလံပစ်ပြိုင်ပွဲ ကျင်းပခွင့်ရဖို့ ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သွားမှာ ဖြစ်တယ်။ ဒါဟာ ၁ ဒသမ ၄ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံသားတွေရဲ့ အိမ်မက်နဲ့ ဆန္ဒဖြစ်တယ်"လို့ ပြောပါတယ်။

"IOC ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပံ့ပိုးမှုနဲ့အတူ ကျနော်တို့ရဲ့ ဒီအိမ်မက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ချင်ပါတယ်။ ပံ့ပိုးကူညီမှုတွေလည်း ရဖို့ ယုံကြည်တယ်"လို့လည်း မိုဒီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားနဲ့ မက္ကဆီကိုတို့ကလည်း အိုလံပစ်အားကစားပြိုင်ပွဲကို ကျင်းပခွင့်ရဖို့ မျှော်လင့်နေချိန်မှာပဲ ပိုလန်သမ္မတကလည်း ၂၀၃၆ ခုနှစ် အိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရဖို့ မျှော်မှန်းထားတယ်လို့ ပြီးခဲ့တဲ့လက ပြောဆိုထားပါသေးတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း ၂၀၂၉ လူငယ်အိုလံပစ်ပွဲတော်ကို ကျင်းပခွင့် ရချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အားကစားဟာ ရွှေတံဆိပ်ဆု ဆွတ်ခူးရုံတစ်ခုတည်း မကဘဲ နှလုံးသားတွေကို အနိုင်ယူတာလည်း ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ 

Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013