DVB Logo
Home
အားကစား
လီဗာပူးကြယ်ပွင့်ကစားသမားဟောင်း ဂျော်ဒန်အိုက် အင်္ဂလန်ပဉ္စမတန်းလိဂ်သို့ ပြောင်းရွှေ့ 
DVB
·
October 16, 2023
လီဗာပူးကြယ်ပွင့်ကစားသမားဟောင်း ဂျော်ဒန်အိုက် အင်္ဂလန်ပဉ္စမတန်းလိဂ်သို့ ပြောင်းရွှေ့ 
Donate to DVB

လီဗာပူးကြယ်ပွင့် ကစာသမားဟောင်း ဂျော်ဒန်အိုက်ဟာ အင်္ဂလန်ပဉ္စမတန်းလိဂ်ဖြစ်တဲ့ နေရှင် နယ်လိဂ်ဆီ ပြောင်းရွှေ့သွားပါတယ်။ 

အသက် ၂၇ နှစ်ပဲရှိသေးတဲ့ အင်္ဂလန်ယူ-၂၁ ကစားသမားဟောင်းဟာ တူရကီဒုတိယတန်းမှာ ကစားခဲ့ပြီးနောက် အင်္ဂလန်နေရှင်နယ်လိဂ်ကလပ် အက်စ်ဖလိ အသင်းဆီပြောင်းရွှေ့ခဲ့တာပါ။

ဂျော်ဒန်အိုက်ဟာ လီဗာပူးအသင်းမှာ လူငယ်ကစားသမားဘဝ ဖြတ်သန်းခဲ့ပြီး ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း စုစုပေါင်း ၅၈ ပွဲကစားပြီး ၄ ဂိုး သွင်းခဲ့ပါတယ်။ 

ဘာမင်ဂမ်၊ ဒါဘီအသင်းတွေမှာလည်း အငှားထွက်ကစားခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ဘုန်းမောက်အသင်း ဆီကို ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ 

ပရီးမီးယားလိဂ်ပွဲပေါင်း ၁၁၉ ပွဲကစားခဲ့ပြီး မနှစ်က တူရကီဒုတိယတန်းကလပ် အက်ဒါနာစပေါမှာ ကစားပြီးနောက် စာချုပ်သက်တမ်းကုန်ဆုံးခဲ့တာပါ။ 

အက်စ်ဖလိအသင်းနဲ့အတူ ကစားသမားဘဝသစ် တခုပြန်လည် စတင်ချင်ပြီး ဘယ်လောက်အထိ လုပ်နိုင်စွမ်းရှိတယ်ဆိုတာ ပြသသွားချင်ကြောင်း အသင်းနဲ့ စာချုပ်ချုပ်ဆိုအပြီး ဂျော်ဒန်အိုက်က ပြောပါတယ်။ 

Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013