DVB Logo
Home
နိုင်ငံတကာ
နယူးဇီလန် ဗဟိုလက်ယာယိမ်းနေရှင်နယ်ပါတီ အစိုးရသစ်ဖွဲ့နိုင်ဖွယ်ရှိ
DVB
·
October 15, 2023
နယူးဇီလန် ဗဟိုလက်ယာယိမ်းနေရှင်နယ်ပါတီ အစိုးရသစ်ဖွဲ့နိုင်ဖွယ်ရှိ
Donate to DVB

နယူးဇီလန်နိုင်ငံမှာ ခရစ္စတိုဖာ လက်စ်ဆန် ဦးဆောင်တဲ့ ဗဟိုလက်ယာယိမ်းနေရှင်နယ် (National) ပါတီဟာ သူတို့စိတ်ကြိုက်ဖြစ်တဲ့ အေစီတီ (ACT)ပါတီနဲ့အတူ အစိုးရအသစ်တရပ် ဖွဲ့စည်း နိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ 

အောက်တိုဘာ ၁၄ ရက်အတွင်း နယူးဇီလန်နိုင်ငံရဲ့  အထွေထွေရွေးကောက်ပွဲ ပြီးဆုံးသွားချိန်မှာ လေဘာပါတီခေါင်းဆောင် ခရစ်(စ်) ဟစ်ပ်ကင်စ်က သူ့အနေနဲ့ အစိုးရတရပ် ဖွဲ့စည်းဖို့အတွက် မဖြစ်နိုင်တော့ဘူးလို့ ဝန်ခံကာ လက်လျှော့သွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ အတိုက်အခံဖြစ်နေတဲ့ နေရှင်နယ်ပါတီက မဲဆန္ဒစုစုပေါင်းရဲ့  ၄၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားပြီး မဟာမိတ်ဖြစ်တဲ့ အေစီတီပါတီကတော့ ၉ ရာခိုင်နှုန်းသာ ရရှိထားပါတယ်။

ဒါပေမယ့်လည်း လောလောဆယ် မဲရေတွက်မှုအပေါ်  အခြေခံကာ ဒီပါတီနှစ်ခု အတွက် အစိုးရ ဖွဲ့နိုင်မယ့် အမတ်နေရာ လုံလောက်မှု ရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်အရ သိရပါတယ်။ 

ဒါ့အပြင် ၂ ပါတီပေါင်းစည်းထားတဲ့ အမတ်နေရာအများစုက အခိုင်အမာ မဖြစ်သေးတာကြောင့် ညွှန်းပေါင်းအစိုးရ  ဖွဲ့စည်းရာမှာ အခြေခံလူတန်းစားကို ကိုယ်စားပြုတဲ့ နယူးဇီလန်ဖက်စ် (New Zealand First) ပါတီရဲ့ ထောက်ခံမှုပါ လိုအပ်နိုင်တယ်လို့ ဆိုပါတယ်။ 

နေရှင်နယ်ပါတီဟာ ဝင်ငွေအလယ်အလတ်ရှိပြီး ရုန်းကန်းနေရတဲ့ နယူးဇီလန် နိုင်ငံသားတွေအတွက် အထောက်အပံ့ပေးမှုအပါအဝင် သမိုင်းတလျှောက် ငွေကြေးဖောင်းပွမှု မြင့်မားလာတဲ့အပေါ် ထိန်းချုပ်နိုင်ဖို့နဲ့ နိုင်ငံရဲ့ကြွေးမြီတွေကိုပါ လျှော့ချပေးမယ်ဆိုပြီး စည်းရုံးလှုံ့ဆော်ထားတာ ဖြစ်ပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013