DVB Logo
Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံကို EAOs များကမကြိုက်သဖြင့် NCA စာချုပ်စိန်ခေါ်မှုရှိနေဟု ဦးအောင်မင်းပြော
DVB
·
October 15, 2023
၂၀၀၈ ဖွဲ့စည်းပုံကို EAOs များကမကြိုက်သဖြင့် NCA စာချုပ်စိန်ခေါ်မှုရှိနေဟု ဦးအောင်မင်းပြော
Donate to DVB

တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA မှာ ၂၀၀၈ ဖွဲ့စည်းပုံပါ ဥပဒေတွေက လွှမ်းမိုးထားလို့  တိုင်ရင်းသားလက်နက်ကိုင်တွေမကြိုက်ကြတဲ့အတွက် အခုလို စိန်ခေါ်မှုနဲ့အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာလို့    အငြိမ်းစားဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းက ပြောပါတယ်။

NCA စာချုပ်မှာ အသိသက်သေအဖြစ်လက်မှတ်ရေးထိုးခဲ့သူတယောက်ဖြစ်တဲ့ ဦးအောင်မင်းက  အောက်တိုဘာ ၁၅ ရက် ဒီနေ့မနက် နေပြည်တော်ရှိ  မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်န်ဗင်းရှင်းဗဟိုဌာန-၂ MICC-2 မှာကျင်းပတဲ့ NCA ၈ နှစ်ပြည့်အခမ်းအနားမှာ အခုလို တက်ရောက်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဦးအောင်မင်းက "NCA စာချုပ်ရဲ့ ​ပြဿနာက ဘာလဲဆိုတော့  တိုင်းရင်းသားလက်နက်ကိုင်တွေက ၂၀၀၈ ဖွဲ့သည်းပုံကို သဘောမတူတာဒုတိယအချက်၊ ဒီမိုကရေစီပြောင်းလဲမှုတိုင်းမှာ ဖြစ်လာတတ်တဲ့ မတည်ငြိမ်မှု မကြိုက်တာ ဒါကြောင့် NCA စာချုပ်က စိန်ခေါ်မှုတွေရော ပြဿနာတွေရှိတယ်"လို့ ပြောပါတယ်။

NCA စာချုပ်ဟာ အပစ်အခတ်ရပ်စဲရေးကိစ္စတစ်ခုတည်းမဟုတ်ဘဲ ငြိမ်းချမ်းရေးဖြစ်စဥ်ကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတဲ့ လမ်းကြောင်းအုတ်မြစ်ချခဲ့တဲ့ စာချုပ်လည်းဖြစ်တယ်လို့ ဦးအောင်မင်းက ပြောပါတယ်။

နိုင်ငံအကျပ်အတည်းကို လက်နက်ကိုင် လမ်းစဉ်နဲ့ ဖြေရှင်းဆောင်ရွက်တာဟာ တိုင်းပြည်အကျပ်အတည်းဖြစ်အောင် တွန်းပို့နေသလိုဖြစ်နေလို့  ဝိုင်းဝန်းဆောင်ရွက်ကြဖို့  RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က  အခမ်းအနားမှာ ပြောပါတယ်။

"သူ့မူ ၊ ကိုယ့်မူ စွဲကိုင်ခြင်းမပြုဘဲ ကြိုတင်သတ်မှတ်ထားခြင်းမရှိတဲ့ ဆွေးနွေးမှုက တိုးတက်မှုရှိတယ်၊  နိုင်ငံတကာအနေနဲ့လည်း မြန်မာ့ငြိမ်းချမ်းရေးကို ကူညီပေးစေချင်တယ်။ နှစ်ဖက်လုံးလက်ခံနိုင်မယ့် ဖွဲ့စည်းပုံပြင်ဖို့လည်းကြိုးစားရမယ်"လို့  ရွက်ဆစ်က ပြောပါတယ်။

NCA ၈ နှစ်ပြည့်အခမ်းအနားကို KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်၊ NCA မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့ကြတဲ့ EAOs ခေါင်းဆောင်တွေဖြစ်တဲ့  ဦးခွန်ဥက္ကာ၊ ဦးခိုင်စိုးနိုင်‌အောင်၊ ဦးမျိုးဝင်းတို့လည်း တက်ရောက်ပါတယ်။

NCA စာချုပ်ကို အစိုးရ၊ လွှတ်တော်၊ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ KNU၊ CNF၊ ABSDF၊ PNLO၊ RCSS၊ KNU/KNLA-PC၊ ALP၊ LDU၊ NMSP၊ DKBA အဖွဲ့တွေဟာ နိုင်ငံတ

ကာအသိသက်သေများ ရှေ့မှာလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့ KNU၊ CNF၊ ABSDF လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲတွေဖြစ်နေပြီး  KIA ၊ TNLA နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013