DVB Logo
Home
မြန်မာသတင်း
မ‌လေးရှားတွင် တရားမဝင် မြန်မာနိုင်ငံသား ၆၂ ဦးအပါအဝင် ၂၀၀ နီးပါးဖမ်းဆီးခံရ
DVB
·
October 15, 2023
မ‌လေးရှားတွင် တရားမဝင် မြန်မာနိုင်ငံသား ၆၂ ဦးအပါအဝင် ၂၀၀ နီးပါးဖမ်းဆီးခံရ
Donate to DVB

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်မှာ တရားမဝင်မြန်မာနိုင်ငံသား ၆၂ ယောက်အပါအဝင် ၁၉၅ ယောက်ကို အောက်တိုဘာ ၁၃ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့  မလေးလူဝင်မှုကြီးကြပ်ရေးဌာန(JIM)က ထုတ်ပြန်ခဲ့ပါတယ်။

မလေးရှားလူဝင်မှုကြီးကြပ်ရေးအရာရှိ ၁၁၀ ကျော်ဟာ အောက်တိုဘာ ၁၃ ရက်နေ့ မနက်အစောပိုင်းက ဂျိုဟိုပြည်နယ်က ဆီအုန်းခင်းတွေမှ, ကွန်တိန်နာ ၁၅ လုံးနဲ့ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ မလေးနိုင်ငံသား စုစုပေါင်း ၆၄၁ ယောက်ကို စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးမှုအရ အများစုဟာ UNHCR ကဒ်ကိုင်ထားတာကြောင့် ပြန်လွှတ်ပေးခဲ့ပြီး တရားဝင်စာရွက်စာတမ်း အထောက်အထားမပါရှိတဲ့ မြန်မာနိုင်ငံသား ၆၂ ယောက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၅ ယောက်၊ အိန္ဒိယနိုင်ငံသား ၅၄ ယောက်၊ အင်ဒိုနီးရှားနိုင်ငံသား ၅ ယောက်၊ ပါကစ္စတန်နိုင်ငံသား ၁၆ ယောက်၊ တရုတ်နိုင်ငံသား ၂ ယောက်နဲ့ အရှေ့တီမောနိုင်ငံသား ၁ ယောက်တို့ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူအားလုံးကို တရားမဝင် ဝင်ရောက်နေထိုင်ခြင်းနဲ့ တရားမဝင်အလုပ် လုပ်ကိုင်ခြင်း စတဲ့ ပုဒ်မတွေနဲ့ အရေးယူနိုင်ဖို့အတွက် ဆီတာ လူဝင်မှု ကြီးကြပ်ရေး ဌာနကို ပို့ဆောင်စစ်ဆေးနေတယ်လို့ ဂျိုဟိုလူဝင်မှု ကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့ ပါတယ်။

တရားမဝင်ရွေ့ပြောင်းနေထိုင်သူတွေကို အလုပ်မခန့်ဖို့ မလေးအလုပ်ရှင်တွေနဲ့ နိုင်ငံသားတွေကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက တောင်းဆိုခဲ့ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ကတုန်းကလည်း မလေးရှားနိုင်ငံ မာလက္ကာစင်ထရယ်နားက ဆိုင်ခန်းတွေကို ဝင်ရောက်စစ်ဆေးခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံသား ၁၆ ယောက် အပါအဝင် ၂၃ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

Photo-Jabatan Imigresen Malaysia(JIM)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013