
အမေရိကန်အောက်လွှတ်တော်မှာ ဥက္ကဋ္ဌ အဖြစ် ရာထူးတာဝန်ထမ်းဆောင်ဖို့အတွက် အောက်တိုဘာ ၁၃ ရက်က ရီပတ်ဘလီကန်ပါတီတွင်း ယှဉ်ပြိုင်မှုမှာ သဘောထားတင်းမာတဲ့ ကွန်ဆာဗေးတစ်ဝါဒီ လွှတ်တော်အမတ် ဂျင်မ်ဂျော်ဒန်က အနိုင် ရသွားပါတယ်။
ကနဦးမဲခွဲ ဆုံးဖြတ်မှုအတွင်း ကွန်ဂရက်လွှတ်တော်မှာ ၁၂ နှစ်တိုင်အောင် သိုသိုသိပ်သိပ် နေထိုင်ခဲ့တဲ့ ဂျော်ဂျီယာအမတ်အော်စတင်စကော့တ်ကို အိုဟိုင်းယိုးပြည်နယ် လွှတ်တော်အမတ် ဂျင်မ်ဂျော်ဒန်က ၁၂၄ မဲ ၈၁ မဲနဲ့ အနိုင်ရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရီပတ်ဘလီကန် လက်ထောက်တစ်ဦးက ပြောပါတယ်။
ဒါပေမဲ့လည်း ဂျော်ဒန်အနေနဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌရာထူးကို ရယူနိုင်ဖို့အတွက် လိုအပ်တဲ့ထောက်ခံမှုက အတော်နည်းပါးနေပုံရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၃ ရက်နေ့တုန်းကလည်း ဥက္ကဋ္ဌ ဟောင်းဖြစ်သူ ကယ်ဗင်မက္ကာသီကို သဘောထားတင်းမာတဲ့ ရီပတ်ဘလီကန် လွှတ်တော်အမတ်တစုက ရာထူးကနေဖယ်ရှားခဲ့တာပါ။
ဒါကြောင့် မက္ကာသီရဲ့ နေရာမှာ ဆက်ခံမယ့်သူနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေကြား ရှေးမတိုး၊ နောက်မဆုတ်သာ အခြေအနေတစ်ရပ် ပေါ်ပေါက်နေခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters










