
အာဆင်နယ်ယူ ၁၈ နည်းပြ ဂျက်ဝဲလ်ရိူင်းယားဟာ အမေရိကန်မေဂျာလိဂ်ကလပ် ကော်လိုရာဒို ရက်ပစ် အသင်းနည်းပြချုပ်ဖြစ်လာဖို့ရှိနေပါတယ်။
ဝဲလ်ရိူင်းယားဟာပြီးခဲ့တဲ့ရာသီကတည်းက အာဆင်နယ်ယူ ၁၈ ကို စတင်တာဝန်ယူခဲ့ပြီး လူငယ်အက်ဖ်အေဖလားဗိုလ်လုပွဲအထိ ရောက်ရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ချီးကျူးခံနေရတာပါ။
ကော်လိုရာဒိုရက်ပစ်အသင်းဟာ အာဆင်နယ်အသင်းကို ပိုင်ဆိုင်တဲ့ စတန်ခရွန်ကီက ပိုင်ဆိုင်ပြီး ဝဲလ်ရိူင်းယားနဲ့လည်း အင်တာဗျူးလုပ်ဆောင်ခဲ့တာပါ။
ကော်လိုရာဒိုအသင်းဟာ မေဂျာလိဂ်အမှတ်ပေးဇယားအောက်ဆုံးမှာရပ်တည်ခဲ့တာကြောင့် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ရှိပြီး ဝဲလ်ရိူင်းယားနဲ့ အင်တာဗျူးမှာ သဘောတူညီမှု တချို့ရရှိခဲ့ပြီးသားဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက အာဆင်နယ်နောက်ခံလူဟောင်း ထရတ်စ်တီဟာလည်း ကော်လိုရာဒို အသင်း ဆီပြောင်းရွှေ့ကစားခဲ့ပါတယ်။
Photo-Reuters










