DVB Logo
Home
မြန်မာသတင်း
ဘီးလင်းတွင် စိတ်ကြွဆေးပြား ၃,၀၀၀ ကျော် ဖမ်းမိ
DVB
·
October 11, 2023
ဘီးလင်းတွင် စိတ်ကြွဆေးပြား ၃,၀၀၀ ကျော် ဖမ်းမိ
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်မှာ အောက်တိုဘာ ၁၀ ရက် နေ့လယ် ၁၂ နာရီက ဘီးလင်းမြို့နယ် မူးယစ်အထူးတပ်ဖွဲ့က သတင်းအရ နေအိမ်တလုံးကို ဝင်ရောက်ရှာဖွေရာက WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃,၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ဘီးလင်းမြို့နယ်ရဲစခန်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ကျိုက်ထိုခရိုင်ရဲတပ်ဖွဲ့နဲ့ ဘီးလင်းမြို့နယ် မူးယစ်အထူးအဖွဲ့တို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေတဲ့ သူရိန်တင်ရွှေ (၂၆ နှစ်) ရဲ့ နေအိမ်ကို သက်သေတွေနဲ့အတူ ဝင်ရောက်ရှာဖွေခဲ့ရာ မူးယစ်ဆေးပြား ၃,၇၆၄ ပြားကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဘီးလင်းမြို့မရဲစခန်းနဲ့ နီးစပ်သူတဦးက “ကျနော်တို့ သတင်းရထားတာ ကြာပါပြီ။ မနေ့က ခရိုင်အဖွဲ့နဲ့ ပူးပေါင်းပြီး ရှာဖွေခွင့်ဝရမ်းနဲ့ ဝင်ဖမ်းခဲ့တာ။ သူက နောက်တယောက်ဆီကနေ တပြားကို ၂,၅၀၀ ကျပ်နဲ့ ဆေးပြား ၃,၇၈၀ ဝယ်ခဲ့တယ်လို့ ပြောတယ်။ ဖမ်းဆီးရမိခဲ့တာက ၃,၇၆၄ ပြားပါ။ ကျန်တာကိုတော့ သူ သုံးစွဲခဲ့တယ်ဆိုပြီး ပြောတယ်။ ဥပဒေအတိုင်းပဲ ဆောင်ရွက်သွားမှာပါ” လို့ ပြောပါတယ်။

ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်နေ သူရိန်တင်ရွှေရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာမှာ သူလွှင့်ပစ်ခဲ့တဲ့ အပြာရောင်အိတ်အတွင်းက WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၈ ပြား၊ နေအိမ် အိပ်ခန်းခြေရင်းရှိ သစ်သားဘောင်တန်းပေါ်က Lactasoy တံဆိပ်ပါ ပဲနို့ဘူးခွံအတွင်းက အဖြူညစ်ရောင် မှိုင်းခံစက္ကူနဲ့ပတ်ထားပြီး အပြာရောင်ပလတ်စတစ် ကပ်ခွာအိတ်အတွင်း ထည့်ထားတဲ့ ဆေးပြား ၁၉၈ ပြားနဲ့ အစိမ်းရောင်ဆေးပြား ၂ ပြားပါ အထုပ် ၈ ထုပ်၊ အိပ်ခန်းခုတင်အောက် ပဲနို့ဘူးခွံအတွင်းက ပန်းရောင်ပြား ၁၉၈ ပြားနဲ့ အစိမ်းရောင်ပြား ၂ ပြားပါ ၁၀ ထုပ်၊ စုစုပေါင်း ပန်းရောင်ပြား ၃,၇၁၂ ပြားနဲ့ အစိမ်းရောင်ပြား ၅၂ ပြား၊ စုစုပေါင်း ၃,၇၆၄ ပြားနဲ့ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ဝါးပြောင်းတို ၅ ချောင်း၊ ခဲပြားပတ် အအေးသောက်ပိုက် ၁ ချောင်း၊ အပြာရောင် အအေးသောက်ပိုက် ၁၅ ချောင်း၊ အနီရောင် အအေးသောက်ပိုက် ၂၀ ချောင်း၊ မီးခြစ် ၁ လုံး၊ ၁ ပေခွဲအရှည်ရှိ ခဲပြားလိပ် ၁ လိပ်နဲ့ သူကိုင်ဆောင်တဲ့ iPhone တံဆိပ်ပါ ပန်းရောင်ဖုန်း ၁ လုံးတို့ကို ရှာဖွေသိမ်းဆည်းခဲ့ကြောင်း သိရပါတယ်။

မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး ရဲလုပ်ထုံးလုပ်ငန်းတွေနဲ့အညီ တရားစွဲဆို တင်ပို့သွားမှာဖြစ်ပြီး ဆက်စပ်တရားခံတွေကိုလည်း ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေနေကြောင်း ရဲစခန်းက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013