DVB Logo
Home
အားကစား
မြန်မာဖူဆယ်အသင်း အိန္ဒိယကို ဂိုးပြတ်အနိုင်ယူပြီး အာရှဖလား ခြေစစ်ပွဲအောင်
DVB
·
October 10, 2023
မြန်မာဖူဆယ်အသင်း အိန္ဒိယကို ဂိုးပြတ်အနိုင်ယူပြီး အာရှဖလား ခြေစစ်ပွဲအောင်
Donate to DVB

တာဂျီကစ္စတန်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၄ အာရှဖူဆယ်ဖလား ခြေစစ်ပွဲ ဒုတိယမြောက်ပွဲစဉ်အဖြစ် အောက်တိုဘာ ၉ ရက်က မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းနဲ့ အိန္ဒိယလက်ရွေးစင်ဖူဆယ်အသင်းတို့ ယှဉ်ပြိုင်ရာ မြန်မာအသင်းက ၅ ဂိုး ၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

မြန်မာအသင်းဟာ သိုင်းဖွဲအောင်၊ မျိုးသက်အောင်၊ လှိုင်မင်းထွန်းတို့ရဲ့ ဂိုးတွေနဲ့ အိန္ဒိယကို အနိုင်ရရှိပြီးနောက် ၂၀၂၄ ခုနှစ်မှာ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် အာရှဖူဆယ်ဖလားကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်ဖူဆယ်နည်းပြ ဘန်လက်ချာရွန်ဝေါင်က ပွဲအပြီးမှာ “ကစားသမားတွေ အားလုံး ကျနော့်ရဲ့နည်းစနစ်အတိုင်း ကစားနိုင်ခဲ့ပြီး အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့တယ်။ ဒီနိုင်ပွဲအတွက် ကစားသမားတွေ၊ အသင်းက တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

အုပ်စု င မှာ အိမ်ရှင် တာဂျီကစ္စတန်အသင်းက ရမှတ် ၆ မှတ် ဂိုးကွာခြားချက်အသာနဲ့ အုပ်စုပထမ၊ မြန်မာအသင်းက ရမှတ် ၆ မှတ်နဲ့ အုပ်စုဒုတိယ၊ ပါလက်စတိုင်းနဲ့ အိန္ဒိယအသင်းတို့က ရမှတ်မရှိနဲ့ အုပ်စုတတိယနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။

အုပ်စုတွင်း တခြားပွဲစဉ်မှာ အိမ်ရှင် တာဂျီကစ္စတန်ဖူဆယ်အသင်းက ပါလက်စတိုင်း ဖူဆယ်အသင်းကို ၆ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းဟာ အုပ်စုဗိုလ်လုမယ့် နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင် တာဂျီကစ္စတန်ဖူဆယ်အသင်းနဲ့ အောက်တိုဘာ ၁၁ ရက် မြန်မာစံတော်ချိန် ည ၈ နာရီခွဲမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

Photo-MFF

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013