DVB Logo
Home
မြန်မာသတင်း
ကျိုက်ထီးရိုးတောင်ပေါ်က တည်းခိုနှုန်းထားများကို ဂေါပကအဖွဲ့ သတ်မှတ်မည်
DVB
·
October 10, 2023
ကျိုက်ထီးရိုးတောင်ပေါ်က တည်းခိုနှုန်းထားများကို ဂေါပကအဖွဲ့ သတ်မှတ်မည်
Donate to DVB

မွန်ပြည်နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကို လာရောက်ဖူးမြော်ကြမယ့် ဘုရားဖူးတွေအနေနဲ့ တည်းခိုခန်းစရိတ်နှုန်းထားတွေကို ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က သတ်မှတ်ပေးသွားမှာဖြစ်ကြောင်း  တည်းခိုခန်းလုပ်ငန်းရှင်တွေထံက သိရပါတယ်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ဘုရားဖူးပြည်သူတွေ စျေးနှုန်းသက်သာစွာနဲ့ တည်းခိုနိုင်ဖို့အတွက် အောက်တိုဘာ ၈ ရက်မှာ တည်းခိုခန်းလုပ်ငန်း လုပ်ကိုင်သူတွေကို စျေးနှုန်းသတ်မှတ်ပေးသွားမှာဖြစ်တယ်လို့ ကျိုက်ထီးရိုးတောင်ပေါ်ရှိ ကြူကြူဝင်း တည်းခိုခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“လောလောဆယ်တော့ ကျနော်တို့တည်းခိုခန်းက မဖွင့်သေးပါဘူး။ ဒီနေ့ ဂေါပကရုံးမှာ တည်းခိုခန်းငှားမယ့်နှုန်းထားကို သူတို့ သတ်မှတ်ပေးမယ်ဆိုပြီး ခေါ်ထားတယ်။ ကျနော်တို့ဘက်က ကြိုပြောလို့မရသေးဘူး။ ကြိုတင်ဘိုကင်ချိတ်တာကိုလည်း လက်ခံလို့ မရသေးပါဘူး။”

လာမယ့် သီတင်းကျွတ်ရုံးပိတ်ရက်တွေမှာ ပြည်တွင်းဘုရားဖူး လာရောက်ကြမယ့်သူတွေ အနေနဲ့ အခုရက်ပိုင်းအတွင်း လမ်းပန်းဆက်သွယ်ရေးနဲ့ ကျိုက်ထီးရိုးတောင်ပေါ် အခြေအနေတို့ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းနေကြကြောင်း သိရပါတယ်။

ရန်ကုန်မြို့မှ မိသားစုဘုရားဖူးလာသူတဦးက “ဘုရားဖူးချင်လို့သာ သွားတာ။ လမ်းမှာ တောက်လျှောက် စစ်ဆေးရေးဂိတ်ကြီးပဲ။ အချိန်တွေ ကြာတာပေါ့။ တောင်ပေါ်မှာလည်း လူကိုမရှိတာ။ စိတ်အေးလက်အေးတော့ ဖူးခဲ့ရတာပေါ့။ အရင်နှစ်တွေကဆိုရင် ဒီအချိန်လောက်တည်းက စည်နေပြီ” လို့ ပြောပါတယ်။

လက်ရှိမှာ ကျိုက်ထီးရိုးတောင်ပေါ်ကို လာရောက်တဲ့ ဘုရားဖူးဧည့်သည် တရက်ကို ၅၀ မှ ၁၀၀ ကြားသာရှိပြီး ပြည်တွင်းဧည့်သည်သာ ပိုများ​နေကြောင်း တောင်ပေါ် ထမင်းဆိုင် ရောင်းချနေသူတွေထံက သိရပါတယ်။

သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပပြုလုပ်လေ့ရှိပြီး ပုံမှန်ကာလတွေမှာ နှစ်စဉ် ဘုရားဖူးပြည်သူ ၃ သန်းခန့် လာရောက်လေ့ရှိကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ကျိုက်ထီးရိုးတောင်ပေါ်က တည်းခိုနှုန်းထားများကို ဂေါပကအဖွဲ့ သတ်မှတ်မည်