DVB Logo
Home
အားကစား
၂၀၂၇ ခုနှစ်အထိသက်တမ်းတိုးရန် အယ်လ်နာဆာအသင်းကို စီရော်နယ်ဒို တောင်းဆို
DVB
·
October 10, 2023
၂၀၂၇ ခုနှစ်အထိသက်တမ်းတိုးရန် အယ်လ်နာဆာအသင်းကို စီရော်နယ်ဒို တောင်းဆို
Donate to DVB

၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ အယ်လ်နာဆာအသင်းကို စီရော်နယ်ဒိုက တောင်းဆိုထားတယ်လို့ သိရပါတယ်။

အသက် ၃၈ နှစ်ရှိ ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ အယ်လ်နာဆာနဲ့ပွဲ ၃၀ ကစားအပြီးမှာ ၂၅ ဂိုးသွင်းပြီး ၈ ကြိမ်ဂိုးဖန်တီးနိုင်ခဲ့တာပါ။

ရော်နယ်ဒိုဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ၂ နှစ်ခွဲစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် မှာစာချုပ်သက်တမ်းကုန်ဆုံးဖို့ ရှိပါတယ်။

ရော်နယ်ဒိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားကို ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရည်မှန်းထားတာကြောင့် ကလပ်အသင်းနဲ့လည်း ၂၀၂၇ ခုနှစ်အထိ သက်တမ်း တိုးဖို့တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားမှာ ရော်နယ်ဒိုရဲ့အသက်က ၄၁ နှစ်ရှိ နေမှာပါ။ ရော်နယ်ဒိုဟာ  သူ့အသက် ၄၂ နှစ်အရွယ် ၂၀၂၇ ခုနှစ်မှာ အယ်လ်နာဆာအတွက် နောက်ဆုံးကစားပြီး ကစားသမားဘဝကနေ အနားယူမှာဖြစ်ကြောင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။ 

Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013