DVB Logo
Home
နိုင်ငံတကာ
ဂါဇာကို အစ္စရေးလေကြောင်းက ဆက်လက်တိုက်ခိုက်၊ ပါလက်စတိုင်း ၄၀၀ ကျော် သေဆုံး
DVB
·
October 9, 2023
ဂါဇာကို အစ္စရေးလေကြောင်းက ဆက်လက်တိုက်ခိုက်၊ ပါလက်စတိုင်း ၄၀၀ ကျော် သေဆုံး
Donate to DVB

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို အောက်တိုဘာ ၉ ရက် ဒီမနက် အစောပိုင်းအထိ လေကြောင်းကနေ ဆက်လက်တိုက်ခိုက်နေလို့ ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို အပြင်းအထန် ဆုတ်ယုတ်ကျဆင်းစေခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောပါတယ်။

IDF က ဟားမတ်စ်တပ်ဖွဲ့ဝင်တွေနဲ့ အထပ်သုံးထပ်ရှိတဲ ကွပ်ကဲမှုစင်တာ အပါအဝင် သူတို့ရဲ့ စစ်ဆင်ရေးကွပ်ကဲမှုစင်တာတွေ၊ ဟားမတ်စ်တပ်ဖွဲ့ဝင်တွေရဲ့ ဖွဲ့စည်းပုံတွေကို ပစ်မှတ်ထားတယ်လို့ IDF က ပြောပါတယ်။

မာမဒ်ခတ်ရှ်တာလို့ နာမည်ပေးထားတဲ့ ဟားမတ်စ်ရေတပ်က အကြီးတန်း စစ်ဆင်ရေး ကွပ်ကဲမှုဌာနတခု၊ ဂျာဘာလီယာမြို့တွင်း ဗလီတခုက ဟားမတ်စ်တို့ရဲ့ စစ်ဆင်ရေး ပိုင်ဆိုင်မှုတခု၊ ဟားမတ်စ်တွေသုံးနေတဲ့ ထောက်လှမ်းရေးပိုင်ဆိုင်မှုနဲ့ နောက်ထပ် ပိုင်ဆိုင်မှုတခုတို့ကို ပစ်မှတ်ထားခဲ့တာပါ။

စနေနေ့ကစတဲ့ မကြုံစဖူး အလစ်အငိုက် တိုက်ခိုက်မှုအပြီးမှာ အစ္စရေးဟာ ဂါဇာကမ်းမြောင် ဒေသကို လေကြောင်းကနေ တိုက်ခိုက်နေပြီး ဟားမတ်စ်အဖွဲ့က တနင်္ဂနွေနေ့မှာ စစ်ကြေညာခဲ့ပါတယ်။

ပါလက်စတိုင်းလူမျိုး ၄၀၀ ကျော် သေဆုံးခဲ့ပြီးပြီလို့ ဂါဇာအခြေစိုက် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အစ္စရေးဘက်ခြမ်းမှာ သေဆုံးသူ ၇၀၀ ကျော်သွားပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဂါဇာကမ်းမြောင်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတာခံရတဲ့ လူ ၁၀၀ ကျော်ရဲ့ ကံကြမ္မာကို မသိရသေးပါဘူး။

ဟားမတ်စ် သေနတ်သမားတွေဟာ အစ္စရေးတောင်ပိုင်းက နေရာ ၂၂ ခုကို စနေမနက်က ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ဂါဇာနယ်စပ်ကနေ ၁၅ မိုင်အကွာက မြို့တွေ ရွာတွေထိ ရောက်ခဲ့တာပါ။

အစ္စရေးစစ်တပ်က တုံ့ပြန်ချိန်မှာ သူတို့က အရပ်သားတွေနဲ့ စစ်သားတွေကို နာရီချီပြီး ကြာအောင် ပစ်ခတ်နေခဲ့ပါတယ်။

သေနတ်သမားတွေက ဂါဇာကမ်းမြောင်နားက သဲကန္တာရထဲမှာ ကျင်းပနေတဲ့ နည်းပညာဆိုင်ရာ ဂီတပွဲတော်တခု၊ မြို့တွေ၊ အဝေးပြေးလမ်းတွေ တလျှောက်မှာ အရပ်သားတွေကို နာရီပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အစ္စရေးဟာ ခုအချိန်အထိ နယ်မြေအရှေ့မြောက်ဘက်က ဘိတ်ထ်ဟယ်နွန်းမြို့ရဲ့ နေရာအမြောက်အမြားကို လေကြောင်းကနေ တိုက်ခိုက်မှု အပါအဝင် ဂါဇာက ပစ်မှတ် ၈၀၀ ကျော်ကို ပစ်ခတ်ထိမှန်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဟားမတ်စ်တွေက မြို့ကို တိုက်ခိုက်မှုအတွက် အဓိကနေရာအဖြစ် သုံးနေတယ်၊ ပစ်မှတ်ပေါင်း ၁၂၀ ကို လေကြောင်းကနေ ဖောက်ခွဲရေးပစ္စည်း တန်ချိန် ၁၂၀ နဲ့ ပစ်ခတ်ခဲ့တယ်လို့ အစ္စရေး ရေတပ်ဗိုလ်ချုပ် ဒယ်နီရယ် ဟာဂါရီက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013