DVB Logo
Home
နိုင်ငံတကာ
စပိန်နိုင်ငံတွင် ပုဂ္ဂလိကုမ္ပဏီတခုက  ဒုံးပျံတစင်း အောင်မြင်စွာ လွှတ်တင်နိုင်
DVB
·
October 8, 2023
စပိန်နိုင်ငံတွင် ပုဂ္ဂလိကုမ္ပဏီတခုက  ဒုံးပျံတစင်း အောင်မြင်စွာ လွှတ်တင်နိုင်
Donate to DVB

စပိန်နိုင်ငံအနောက်တောင်ပိုင်း နေရာတစ်ခုမှာ အောက်တိုဘာ ၇ ရက် အစောပိုင်းက PLD Space ကုမ္ပဏီဟာ ပြန်လည်အသုံးပြုနိုင်တဲ့ Miura-1 ဒုံးပျံတစင်းကို အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ တတိယအကြိမ်မြောက် ကြိုးပမ်းမှုဖြစ်ပြီး ဥရောပတိုက်ရဲ့ ပထမဆုံးသော ပုဂ္ဂလိကပိုင် ဒုံးပျံလွှင့်တင်မှုဖြစ်သလို ရပ်တန့်နေတဲ့ အာကာသဆိုင်ရာ ရည်မှန်းချက်တွေ  အတွက်လည်း မျှော်လင့်ချက် ရှင်သန်လာတယ်လို့ ဆိုပါတယ်။

ဒီစွန့်ဦးတီထွင်ကုမ္ပဏီရဲ့ အရင်နှစ်ကြိမ် ကြိုးပမ်းမှုကို ဖျက်သိမ်းခဲ့ရပြီးနောက် ဒီတစ်ခေါက်မှာတော့ ဟွယ်ဗာမြို့ကတဆင့် စမ်းသပ် လွှတ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်ရေး နွားသိုးမျိုးစိတ်တစ်ခုရဲ့ အမည်အတိုင်းပေးထားတဲ့ မျူရာ ဝမ်းဒုံးပျံဟာ ၃ ထပ်တိုက်အမြင့်ရှိပြီး ၁၀၀ ကီလိုဂရမ်အထိ ကုန်တင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ညကောင်းကင်ဆီ ဒုံးပျံကြီးပျံတက်သွားချိန်မှာ အင်ဂျင်နီယာတွေရဲ့ အချင်းချင်းဂုဏ်ပြုမှုနဲ့ အားပေးမှုတို့ကို မစ်ရှင်ထိန်းချုပ်ရေး ဗီဒီယို မှတ်တမ်းအရ တွေ့နိုင်ပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013