DVB Logo
Home
နိုင်ငံတကာ
အမေရိကန် ထောက်ပံ့ပေးထားသည့် ဒုံးပျံစနစ်သစ်ကို ထိုင်ဝမ် စမ်းသပ်ပစ်ခတ်
DVB
·
May 13, 2025
အမေရိကန် ထောက်ပံ့ပေးထားသည့် ဒုံးပျံစနစ်သစ်ကို ထိုင်ဝမ် စမ်းသပ်ပစ်ခတ်
Donate to DVB

ထိုင်ဝမ်ဟာ အမေရိကန်က ထောက်ပံ့ပေးထားတဲ့ ဒုံးပျံစနစ်သစ်ကို မေ ၁၂ ရက်က ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။ 

အဲဒီစနစ်ကို ယူကရိန်းက ရုရှားအား ဆန့်ကျင်ရာမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပြီး ထိုင်ဝမ်နဲ့ တရုတ် စစ်ဖြစ်လာခဲ့ရင် တရုတ်မှာရှိတဲ့ ပစ်မှတ်တွေကို ပစ်ခတ်ဖို့ တပ်ဖြန့်ထားနိုင်‌တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အမေရိကန်ဟာ ထိုင်ဝမ်နဲ့ တရားဝင် သံတမန်ရေးဆက်ဆံမှု မရှိပေမဲ့ တိုင်ဝမ်အတွက် အရေးအကြီးဆုံး လက်နက်ပေးသွင်းသူ ဖြစ်ပါတယ်။

ပေကျင်းဟာ ထိုင်ဝမ်ကျွန်းကို သူ့ရဲ့ အချုပ်အခြာပိုင်အဖြစ် အခိုင်အမာဖြစ်အောင် ကြိုးပမ်းနေချိန်မှာပဲ ထိုင်ဝမ်ဟာ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုပေါင်းများစွာ အပါအဝင် စစ်ရေးဖိအားတွေ တိုးမြှင့်လာတာကို ရင်ဆိုင်နေရပါတယ်။

ထိုင်ဝမ်ဟာ လော့ခ်ဟိထ် မာတင် လက်နက်ကုမ္ပဏီမှ ပစ်မှတ်တိကျတဲ့ ဟိုင်းမားစ် ရွေ့လျားမှုမြင့် အမြောက်ဒုံးပျံစနစ် ၂၉ ခုကို ဝယ်ယူခဲ့ပြီး မနှစ်တုန်းက ပထမဆုံးအသုတ်မှာ ၁၁ ခု လက်ခံရရှိပြီး ကျန်တာတွေက နောက်နှစ်မှာ ရောက်ရှိလာမှာဖြစ်ပါတယ်။

အမေရိကန် ထုတ်လုပ်ရေးကုမ္ပဏီက ဝန်ထမ်းတွေဟာ ပြသနာတစုံတရာ ပေါ်ပေါက်လာရင် ဖြေရှင်းပေးနိုင်ဖို့အတွက် သက်ဆိုင်ရာနေရာမှာပဲ ရှိနေတယ်လို့ အရာရှိ ဟိုဆန်းယီက ပြောပါတယ်။

ဒီဒုံးပျံပစ်ခတ်မှုဟာ တိုင်းပြည်ရဲ့ လုံခြုံရေးကို ကာကွယ်ပြီး လှပတဲ့ ဇာတိမြေကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ စစ်တပ်ရဲ့ ဆုံးဖြတ်ချက်ကို ပြည်သူတွေကို ပြသလိုက်တာပဲလို့ ယုံကြည်ကြောင်းလည်း သူက ဆိုပါတယ်။

ဟိုင်းမားစ် ဒုံးပျံစနစ်ဟာ ယူကရိန်းရဲ့ အဓိက တိုက်ခိုက်မှုစနစ်တွေထဲက တခုဖြစ်ပြီး ရုရှားနဲ့ စစ်ပွဲအတွင်းမှာ အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013