
သြစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်ပြည်နယ်ရဲ့ ကျေးလက်ဒေသမှာ အောက်တိုဘာ ၆ ရက် က အပေါ့စား လေယာဉ်ငယ်တစီး ပျက်ကျပြီး လေယာဉ်ပေါ်ပါလာတဲ့ အမျိုးသားလေယာဉ်မှူးနဲ့ ကလေး ၃ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
Cirrus SR22 လေယာဉ်ဟာ ကင်ဘာရာမှ ထွက်ခွာခဲ့ပြီးနောက် ဒေသစံတော်ချိန် ညနေ ၃ နာရီလောက်မှာ ပျက်ကျခဲ့တာပါ။
လေယာဉ်ပျက်ကျပြီး မီးလောင်နေတယ်ဆိုတဲ့ သတင်းတွေကို အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တွေက တုံ့ပြန်ဆောင်ရွက်ခဲ့ပြီး ကျေးလက်မီးသတ်တပ်ဖွဲ့က မီးသတ်သမားတွေက မီးငြှိမ်းသတ်ခဲ့ပေမယ့် အသက်ရှင် ကျန်ရစ်သူ မရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သြစတြေးလျ သယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဗျူရို (ATSB) ကတော့ လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့လည်း ဆိုပါတယ်။
Source/Photo-Reuters