
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ချမ်ဖိုင်ဒေသမှာ မြန်မာအမျိုးသမီးတယောက်ကို အိန္ဒိယရူပီးငွေ ၁၀ သန်းကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေနဲ့အတူ အာဆမ်ရိုင်ဖယ်တပ်ဖွဲ့က အောက်တိုဘာလ ၄ ရက်မှာ ဖမ်းဆီးရရှိခဲ့တယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။
အဲဒီဖမ်းဆီးမှုကို ချမ်ဖိုင်နယ်မြေ အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ နယ်မြေ အကောက်ခွန်ကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး ဒါဟာ အာသံရိုင်ဖယ် အထွေထွေစုံစမ်းစစ်ဆေးရေးမှူးရဲ့ လမ်းညွှန်မှုအောက်ကနေ ဆောင်ရွက်နေတဲ့ တရားမဝင်မှောင် ခိုလုပ်ငန်းတွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေးတွေထဲက နောက်ထပ် အောင်မြင်မှု တခု ဖြစ်တယ်လို့ဆိုပါတယ်။
ဖမ်းဆီးရရှိခဲ့တဲ့ ဘိန်းဖြူတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ အိန္ဒိယရူပီးငွေ ၁၀,၄၃၀,၀၀၀ ဖိုးရှိပြီး ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးကို တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ဖို့ ချမ်ဖိုင်နယ်မြေ အကောက်ခွန်ကာကွယ်ရေး တပ်ဖွဲ့ကို လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ တရားမဝင်ကုန်ပစ္စည်းတွေ မှောင်ခိုတင်သွင်းမှုတွေဟာ မီဇိုရမ်ပြည်နယ်နဲ့ အိန္ဒိယနိုင်ငံအတွက် အကြီးအကျယ် စိုးရိမ်စရာကိစ္စတစ်ခုလည်းဖြစ်ပါတယ်။
အရှေ့မြောက်ပိုင်းဒေသရဲ့ အစောင့်အရှောက်တွေလို့ သတ်မှတ်ထားတဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့တွေဟာ တရားမဝင်မှောင်ခိုလုပ်ငန်းတွေကို တားဆီးနှိမ်နင်းနေကြသလို မှောင်ခိုဂိုဏ်းခေါင်းဆောင်တွေကို ဖမ်းဆီးနိုင်ရေးအတွက်ကိုလည်း အထူးကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
Source/Photo-ANI