DVB Logo
Home
နိုင်ငံတကာ
လွတ်ငြိမ်းချမ်းသာခွင့် ပြန်ပေးရန် ပီရူးသမ္မတဟောင်း ဖူဂျီမိုရီ တောင်းဆို
DVB
·
October 5, 2023
လွတ်ငြိမ်းချမ်းသာခွင့် ပြန်ပေးရန် ပီရူးသမ္မတဟောင်း ဖူဂျီမိုရီ တောင်းဆို
Donate to DVB

ပီရူးသမ္မတဟောင်း အယ်လ်ဘာတို ဖူဂျီမိုရီဟာ ၂၀၂၁၇ ခုနှစ်တုန်းက သူ့ကိုပေးခဲ့ပြီး ပြန်ရုပ်သိမ်းသွားတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်လည်ပေးအပ်ဖို့ လီမာရှိ အကျဉ်းထောင်ထဲကနေ တရားရုံးကို အောက်တိုဘာ ၄ ရက်က တောင်းဆိုခဲ့ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ကို ဖျက်သိမ်းလိုက်ကတည်းက သူ့ရဲ့ကျန်းမာရေး အခြေအနေကလည်း ဆိုးရွားလာတယ်လို့ အသက် ၈၅ နှစ်အရွယ် သမ္မတဟောင်းက ဗီဒီယိုကြားနာမှုအတွင်းမှာ ပြောကြားခဲ့ပါတယ်။

သူ့ကိုစွဲဆိုထားတဲ့ ပြင်းထန်တဲ့ ပြန်ပေးဆွဲမှု စွဲချက်မှာလည်း သူ့ကိုယ်သူ အပြစ်မရှိဘူးလို့ ယူဆကြောင်းလည်း သမ္မတဟောင်း ဖူဂျီမိုရီက ဖြည့်စွက်ပြောဆိုပါတယ်။

သမ္မတဟောင်း ဖူဂျီမိုရီကို အကျင့်ပျက်ခြစားမှုအပြင် ၁၉၉၂ ခုနှစ်က ပီရူးဂျာနယ်လစ် ဂူစတာဗို ဂေါ်ရီတီနဲ့ စီးပွားရေးသမား ဆယ်မြူယယ်လ် ဒိုင်ယာ တို့ကို ပြန်ပေးဆွဲမှု အပါအဝင် ၁၉၉၀ ပြည့်နှစ်တွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ၂၀၃၂ ခုနှစ်အထိ ထောင်ဒဏ် ချမှတ်ခံထားရတာပါ။

ဖူဂျီမိုရီကို ထောင်ထဲမှာ ၁၀ နှစ်ကြာလောက် နေထိုင်ခဲ့ရအပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက သမ္မတဟောင်း ပေဒရို ကူချင်စကီးက ဖူဂျီမိုရီကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံတကာတရားရုံးက မမှန်ကန်မှုတွေ ရှိနေတဲ့အပေါ် ကြားဝင်ဆောင်ရွက်ခဲ့ပြီးနောက် လအနည်းငယ်အကြာမှာတော့ ဖူဂျီမိုရီရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဆုံးဖြတ်ချက်ကလည်း ပျက်ပြယ်သွားခဲ့တာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013