DVB Logo
Home
နိုင်ငံတကာ
ကနေဒါသံတမန် ၄၁ ဦးကို အိန္ဒိယ နှင်ထုတ်
DVB
·
October 4, 2023
ကနေဒါသံတမန် ၄၁ ဦးကို အိန္ဒိယ နှင်ထုတ်
Donate to DVB

အိန္ဒိယနဲ့ ကနေဒါ နှစ်နိုင်ငံ သံတမန်ရေးရာ အငြင်းပွားမှုတွေ ပိုမိုနက်ရှိုင်းလာတာနဲ့အမျှ အိန္ဒိယအစိုးရဟာ ကနေဒါသံတမန် ၄၁ ယောက်ကို အောက်တိုဘာ ၁၀ ရက် နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ ပြောထားကြောင်း Financial Times  သတင်းမှာ အောက်တိုဘာ ၃ ရက်မှာ ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံက “အကြမ်းဖက်သမား” လို့ တံဆိပ်ကပ်ထားတဲ့ ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင် ကနေဒါနိုင်ငံသား ဟာဒိ(ပ်) ဆင်းန်နစ်ဂျာ ဇွန်လတုန်းက ကနေဒါနိုင်ငံမှာ အသတ်ခံရမှုမှာ အိန္ဒိယအစိုးရ အေးဂျင့်တွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ကနေဒါနိုင်ငံက သံသယတွေကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးဟာ တင်းမာလာခဲ့တာပါ။

အိန္ဒိယက အဲဒီစွပ်စွဲချက်ကို အဓိပ္ပာယ်မဲ့တယ် ဆိုပြီး ပယ်ချခဲ့ပါတယ်။ ကနေဒါဝန်ကြီးချုပ် ဂျပ်စ်တင် ထရူးဒိုးကတော့ အခုလို သံတမန်နှင်ထုတ်ခြင်းဆိုင်ရာသတင်းနဲ့ပတ်သက်လို့ အတည်ပြုဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီအငြင်းပွားမှုကို အရှိန်မြှင့်ဖို့  မမျှော်လင့်ကြောင်း ကနေဒါ အစိုးရက ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013