DVB Logo
Home
နိုင်ငံတကာ
ကနေဒါ ကာကွယ်ရေးဦးစီးချုပ်အဖြစ် အမျိုးသမီး ၁ ဦးကို ပထမဆုံးအကြိမ် ခန့်အပ်
DVB
·
July 19, 2024
ကနေဒါ ကာကွယ်ရေးဦးစီးချုပ်အဖြစ် အမျိုးသမီး ၁ ဦးကို ပထမဆုံးအကြိမ် ခန့်အပ်
Donate to DVB

ကနေဒါနိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ကွပ်ကဲရတဲ့ ပထမဆုံး အမျိုးသမီး ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ဂျန်နီ ကရစ်ဂ်နန်ကို ဇူလိုင် ၁၈ ရက်က အခမ်းအနားနဲ့ တာဝန်အပ်နှင်းခဲ့ပါတယ်။

စစ်တပ်အင်ဂျင်နီယာအဖြစ် လေ့ကျင့် တာဝန်ယူခဲ့တဲ့ ကရစ်ဂ်နန်ဟာ ကနေဒါစစ်တပ်မှာ ၃၅ နှစ်တာ ကာလအတွင်း အာဖဂန်နစ္စတန်၊ ဘော့စနီးယား-ဟာဇီဂိုးဗီးနား၊ အီရတ်နဲ့ ဆီးရီးယားတို့မှာ တပ်တွေကို ကြီးကြပ်အုပ်ချုပ် အမိန့်ပေးခဲ့တာပါ။

ကရစ်ဂ်နန်ဟာ ၂၀၂၁ ခုနှစ်ကတည်းက ထိပ်တန်းစစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဝိန်းန် အဲရ် ဆီကနေ တာဝန်လွှဲပြောင်းယူခဲ့တာ ဖြစ်ပါတယ်။

ကနေဒါနိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ လူသစ်စုဆောင်းရေး ရည်မှန်းချက်တွေ ပြည့်မီစေဖို့ ရုန်းကန်နေရပြီး ခေတ်မမီတော့တဲ့ စက်ပစ္စည်းတွေကို အစားထိုးဖို့လည်း နှေးကွေးနေတာကြောင့် ကနေဒါဟာ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ပြီး သူ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ခေတ်မီစေဖို့ ရည်ရွယ်နေချိန်လည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဂျပ်စ်တင် ထရူးဒိုးဟာ ၂၀၃၂ ခုနှစ်မှာ နေတိုးရဲ့ ကာကွယ်ရေးအသုံးစရိတ် ရည်မှန်းချက်ကို ရောက်ရှိရမယ်ဆိုတဲ့ သူ့အစိုးရရဲ့ ရည်ရွယ်ချက်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့ပါတယ်။

ကနေဒါနိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်မှာ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး GDP ရဲ့ ၁ ဒသမ ၃၉ ရာခိုင်နှုန်းဖြစ်မယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။

ဝန်ကြီးချုပ် ဂျပ်စ်တင် ထရူးဒိုးဟာ ၂၀၁၅ ခုနှစ်မှာ အာဏာရလာကတည်းက ကျား/မ တန်းတူညီမျှမှုကို မြှင့်တင်တဲ့ မူဝါဒတွေကို လိုက်နာခဲ့ပြီး ကရစ်ဂ်နန်ကို “ကနေဒါနိုင်ငံသား အားလုံးနဲ့ ကမ္ဘာကြီးအတွက် စံနမူနာ” လို့ ခေါ်ဆိုခဲ့ပါတယ်။

၂၀၁၈ ခုနှစ်တုန်းကလည်း တော်ဝင်ကနေဒါမြင်းစီးရဲတပ်ဖွဲ့ရဲ့ အကြီးအကဲအဖြစ် ပထမဆုံး အမျိုးသမီးတဦးကို ခန့်အပ်ခဲ့ပါတယ်။

ဗြိတိန်ချားလ်စ်ဘုရင်ရဲ့ ကိုယ်စားလှယ်အဖြစ် တရားဝင်ခန့်အပ်ခံထားရတဲ့ ကနေဒါဖယ်ဒရယ်ဆိုင်ရာ ဘုရင်ခံချုပ်ဟာလည်း  အမျိုးသမီး  ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013