
ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ အသက် ၃၈ နှစ်ရှိလာပြီဖြစ်ပေမဲ့ ဆော်ဒီလိဂ်မှာ ခြေစွမ်းကောင်းတွေ ထုတ်ပြနေဆဲ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ စက်တင်ဘာလအတွင်းမှာ စုစုပေါင်း ၅ ဂိုးသွင်းပြီး ၃ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့လို့ တစ်လတာအကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။
တစ်လတာ အကောင်းဆုံးကစားသမားဆုကို နှစ်လဆက်တိုက် ရရှိခဲ့တာဖြစ်ပြီး စုစုပေါင်း ၇ ပွဲမှာ ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းရဲ့ အဖွင့်ပွဲစဉ် ၈ ပွဲမှာ ၆ ပွဲအနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး အသင်းက အဆင့်လေးနေရာမှာ ရပ်တည်နေပါတယ်။
အယ်လ်နာဆာအသင်းမှာ မာနေး၊ ဘရိုဇိုဗစ်၊ အဲလက်စ်တဲလက်စ်၊ လာပေါ့သ်တို့လည်း ကစားနေတာပါ။
ရော်နယ်ဒိုဟာ မိခင်နိုင်ငံအသင်းအတွက်လည်း ခြေစွမ်းကောင်းတွေ ဆက်လက်ပြသနိုင်ခဲ့ပြီး ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ၅ ဂိုး သွင်းယူထားပြီး ဖြစ်ပါတယ်။
Photo-Reuters