DVB Logo
Home
အားကစား
အာရှအားကစားပြိုင်ပွဲ မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် စင်ကာပူ အပြေးမယ် ရွှေတံဆိပ်ဆုရ 
DVB
·
October 3, 2023
အာရှအားကစားပြိုင်ပွဲ မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် စင်ကာပူ အပြေးမယ် ရွှေတံဆိပ်ဆုရ 
Donate to DVB

ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲမှာ  စင်ကာပူ နိုင်ငံက အပြေးမယ် ဗရော်နီကာ ရှန်တိပရယ်ရာက ပထမ ရွှေတံဆိပ်ဆုရရှိသွားပါတယ်။  

ဒါဟာ စင်ကာပူနိုင်ငံအတွက်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါး ၁၉၇၄ ခုနှစ်က အမျိုးသမီး မီတာ ၄၀၀ ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရပြီးကတည်းက  ပထမဆုံးအကြိမ်  အာရှအဆင့် ပြေးခုန်ပစ် ရွှေတံဆိပ်ဆုထပ်ရရှိတာဖြစ်ပါတယ်။

ရှန်တိပရယ်ရာဟာ  မီတာ ၁၀၀ ပြိုင်ပွဲမှာလည်း  ဒုတိယ ငွေတံဆိပ်ဆုရရှိထားလို့ ဒီပြိုင်ပွဲမှာ သူ့ ရဲ့ ဒုတိယမြောက် ဆုတံဆိပ်လည်းဖြစ်ပါတယ်။     

အောက်တိုဘာ ၂ ရက်နေ့ ဟန်ကျိုး အိုလံပစ်အားကစားရုံမှာ ကျင်းပတဲ့ မီတာ ၂၀၀ အပြေးပြိုင်ပွဲမှာ ရှန်တိပရယ်ရာက စံချိန်  ၂၃ ဒသမ ၀၃ စက္ကန့်နဲ့ ဗိုလ်စွဲခဲ့တာဖြစ်ပြီး သူ့နောက်မှာ တရုတ်အပြေးမယ်က ၂၃ ဒသမ ၂၈ စက္ကန့်နဲ့ ဒုတိယ ငွေတံဆိပ်ဆုရပြီးနဲ့ ဘာရိန်း အပြေးမယ်က ၂၃ ဒသမ ၃၈ စက္ကန့်နဲ့ တတိယ ကြေးတံဆိပ်ဆုရရှိသွားပါတယ်။

အောက်တိုဘာ ၁ ရက်က ယှဉ်ပြိုင်မှုတွေမှာတော့  အိမ်ရှင် တရုတ်နိုင်ငံက  Esport အီလက် ထရောနစ် ဂိမ်းကစားနည်း၊ အမျိုးသား ကြက်တောင်ရိုက်ပွဲစဉ်နဲ့ အမျိုးသမီး မီတာ ၁၀၀ အပြေးပွဲစဉ်တို့မှာ ရွှေတံဆိပ်ဆု အသီးသီး ရရှိသွားပါတယ်။

“Peace Elite” ဆိုတဲ့ သေနတ်ပစ် ဂိမ်းပြိုင်ပွဲမှာလည်း တရုတ်နိုင်ငံက ရွှေတံဆိပ်ဆု အရယူနိုင်ခဲ့ပြီး တောင်ကိုရီးယား၊ အင်ဒိုနီးရှားနဲ့ ထိုင်ဝမ်တို့ ပါဝင်ခဲ့တဲ့ ၄ နိုင်ငံပါ ဖိုင်နယ်ပွဲစဉ်အတွင်း အိမ်ကွင်းပရိသတ်တွေရှေ့မှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသားအဖွဲ့လိုက် တင်းနစ် ပြိုင်ပွဲအတွင်း အိမ်ရှင်နိုင်ငံအနေနဲ့ ရွှေတံဆိပ်ဆု ရရှိခဲ့ပေမဲ့ အမျိုးသမီးအဖွဲ့လိုက် ယှဉ်ပြိုင်မှုမှာတော့ တရုတ်နိုင်ငံက တောင်ကိုရီးယားကို ရှုံးနိမ့်ပြီး ငွေတံဆိပ်ဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အမျိုးသမီး မီတာ-၁၀၀ တန်းကျော်ပြေး ပြိုင်ပွဲမှာတော့ တရုတ်နိုင်ငံသူ လင်းယုဝေက  ၁၂ ဒသမ ၇၄ စက္ကန့်နဲ့ ပန်းဝင်ကာ ရွှေတံဆိပ်ဆု သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013