DVB Logo
Home
မြန်မာသတင်း
ငမိုးရိပ်ချောင်းအတွင်း ရုပ်အလောင်း ၃ လောင်း တွေ့ရှိ
DVB
·
October 3, 2023
ငမိုးရိပ်ချောင်းအတွင်း ရုပ်အလောင်း ၃ လောင်း တွေ့ရှိ
Donate to DVB

ရန်ကုန်၊ ငမိုးရိပ်ချောင်းအတွင်းမှာ အောက်တိုဘာ ၁ ရက်နဲ့ ၂ ရက်က ရေထဲ‌သေဆုံးနေတဲ့ ရုပ်အလောင်း ၃ ခု တွေ့ရှိခဲ့တယ်လို့ ရန်ကုန်မြို့ခံ ကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

အောက်တိုဘာ ၁ ရက် နေ့လယ် ၁၂ နာရီခွဲလောက်က ‌တောင်ဒဂုံမြို့နယ်၊ အမှတ် ၂  ကမာကြည်တံတားအနီး ငမိုးရိပ်ချောင်းထဲမှာ ရေနစ်သေဆုံးနေတဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသားရုပ်အလောင်းတခုကို သုဝဏ္ဏ ပရဟိတ လူမှုကူညီရေးအသင်းက တွေ့ရှိခဲ့ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ချောင်းထဲမှာ ညနေ ၅ နာရီခွဲလောက်က အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး သေဆုံးသူဟာ စက်တင်ဘာ ၂၉ ရက်က မြောက်ဒဂုံမြို့နယ်၊ ရွှေနန်းစံသဲကွင်းမှာ ရေဆင်းကူးရင်း ပျောက်ဆုံးသွားတဲ့ မောင်ဇာနည်မျိုး ဖြစ်ပါတယ်။

သုဝဏ္ဏ ပရဟိတ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက “မနက် ၆ နာရီခွဲလောက်က စပြီး ပျောက်သွားတဲ့ ကလေးကို ရှာတာပါ။ နေ့လယ် ၁၂ နာရီခွဲလောက်မှာ လူကြီးရုပ်အလောင်းတခုကို တွေ့တယ်။ တွေ့တဲ့တာက အသက် ၅၅ နှစ်၊ သန်လျင်မြို့နယ်မှာ နေတာ၊ သူက ပင်လုံဆေးရုံကြီးမှာ ကင်ဆာလာကုရင်း ပျောက်သွားတာ၊ ကလေးရုပ်အလောင်းကို ညနေပိုင်းက ချောင်းထဲမှာ ပြန်တွေ့ပါတယ်” လို့ ပြောပါတယ်။

တွေ့ရှိထားတဲ့ ရုပ်အလောင်းတွေကို သင်္ဃန်းကျွန်းစံပြဆေးရုံကြီးကို သုဝဏ္ဏအသင်းယာဉ်နဲ့ ပို့ဆောင်ပေးထားပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိပြီလို့ သိရပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ VNC ဝင်း၊ ငမိုးရိပ်ချောင်းထဲမှာ ရေနစ်သေဆုံးနေတဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသားရုပ်အလောင်းကို မင်္ဂလာတောင်ညွန့် လူငယ်အသင်းနဲ့ တောင်ညွန့်မင်းသားအသင်းတို့က အောက်တိုဘာ ၂ ရက် မနက် ၆ နာရီ ၂၇ မိနစ်လောက်က ပူးပေါင်းဆယ်ယူခဲ့ကြပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။

ရေထဲသေဆုံးနေတဲ့ ရုပ်အလောင်းတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ငမိုးရိပ်ချောင်းထဲမှာ အလောင်း ၂ ခုနဲ့ ရန်ကုန်မြစ်အတွင်းမှာ ရုပ်အလောင်း ၃ ခု စုစုပေါင်း ၅ ခုအထိ တွေ့ရှိဆယ်ယူခဲ့တယ်လို့ ရန်ကုန်မြို့ခံ ကယ်ဆယ်ရေးအသင်း မှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013